Zaw Zaw Htun
16 hrs ·
ကျောက်တစ်တုံး၊ မြစ်တစ်စင်း၊ သစ်တစ်ပင်
လက်ခံရဲ့ အသက်ရှည်မျိုးစိတ်များ သေဆုံးသွားကတည်းက
ဒီကမ္ဘာဦးကို အမှတ်အသားပြုခဲ့
သူတို့ ခေတ္တခဏ နေထိုင်သွားရာ နေရာ
ငါတို့ဂြိုလ်ပြာကြီးရဲ့ ကြမ်းပြင်ပေါ်၊ ခြောက်သွေ့အမှတ်အသားများကို ထားခဲ့တဲ့ဒိုင်နိုဆော
မြန်မြန်ဆန်ဆန် ဖြစ်သွားခဲ့တဲ့ သူတို့ကမ္ဘာရဲ့ နောက်ဆုံးပျက်နေ့ရဲ့ ဆိုက်ရောက်အချက်ပေးမှု တစ်စုံတစ်ရာဟာ
ပျောက်ဆုံးခြင်းခံရတာ ဒီမျှော်လင့်ခြင်းမဲ့ ဖုန်မှုန့်များနှင့် နှစ်ကာလများထဲမှာ
ဒါပေမယ့် ဒီကနေ့တော့၊ ဒီကျောက်တောင်ကျောက်တုံးတွေက ငါတို့ကို ရှင်းလင်းစွာ၊ အားမာန်ပြည့်စွာ ဟစ်ဆိုတယ်၊
လာလှည့်၊ ကျုပ်ရဲ့ကျောပြင်ပေါ်မှာ
ရပ်လှည့်၊ နောက်ခန့်မှန်းရမလွယ်သော မနက်ဖြန်ရဲ့ ကံကြမ္မာကို ရင်ဆိုင်လှည့်
ဒါပေမယ့် ငါ့အရိပ်ထဲမယ် မရှိသော နိဗ္ဗာန်ကို ရှာဖွေကြလှည့်
ဒီနေရာက ပုန်းကွယ်စရာ နတ္တိနေရာအား ငါသင်တို့ကို ပေးရဲ့။
သင်တို့။ နတ်ဒေဝတာများထက်၊ အနည်းငယ်သာ နိမ့်ပါးစွာဖြင့် ဖန်ဆင်းခြင်းခံရသူတို့
ရှည်လျှားစွာ လေးဘက်ထောက်တွားခဲ့
အမှတ်အသားလိုမှောင်မိုက်ခြင်းထဲ၊
လဲလျောင်းနေခဲ့ကြ
ရှည်လျားလွန်းတဲ့ ကြံ့ကြံ့ခံရင်ဆိုင်မှုများနဲ့ အသိဥာဏ်နိမ့်ပါးမှု အခြေအနေထဲမှာခေါင်းငုံ့မဖေါ်သူတို့
သင်တို့၏ ပါးစပ်များ စကားလုံးများ ဖိတ်စင်ကျနေပေါ့
ရက်စက်တဲ့ အကြမ်းဖက်သတ်ဖြတ်ခြင်းများကို ထောက်ပံ့ခဲ့ကြသူတို့
ဒီကျောက်ဆောင်ကျောက်တုံးက ဒီကနေ့ ငါတို့ကိုဆိုတယ်
သင်ကိုငါ့ရဲ့ ကျောပေါ်မှာ မတ်မတ်ရပ်နိုင်ခွင့်ပေးရဲ့
ဒါပေမယ့်သင့်မျက်နှာကိုတော့ဖြင့် ငုံ့၍မထားလိုက်ပါနဲ့။
မာယာအင်ဂျလို့ (Maya Angelou)
မနက်ခင်းတစ်ခု၏ သွေးခုန်နှုန်းတိုး ခံစားမှုပေါ်ဝယ် (On the Pluse of Morning).. မှ
တမ္မတကလင်တန်ကျမ်းကျိန်ပွဲကဗျာ
Saturday, April 18, 2015
မာယာအင်ဂျလို့ (Maya Angelou) မနက်ခင်းတစ်ခု၏ သွေးခုန်နှုန်းတိုး ခံစားမှုပေါ်ဝယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment