Thursday, April 23, 2015

"လွင့်​​နေတဲ့ တနင်္ဂ​နွေ"

"လွင့်​​နေတဲ့ တနင်္ဂ​နွေ"

နေ​ရောင်​က
မိစ္ဆာတစ်​​ကောင်​လို ပြူးတူးပြဲတဲ  ၀င်​လာတယ်​။
က​ဖေးဆိုင်​​ထောင့်​​ကွေးမှာ
အ​တွေး​တွေစိုရွှဲ​နေတဲ့ စီးကရက်​တစ်​လိပ်​ဟာ ငါ​ပေါ့။
လမ်း​ပေါ်မှာ​တော့
အချိန်​ပြည့်​ အ​ရေးကြီး​နေတဲ့ ဟွန်းသံ​တွေ တစီစီ ...
ဒါဟာ
ဘယ်​နှစ်​ခု​မြောက်​ ​နွေဦး​ပေါက်​ရာသီလဲ....။

ဆေးထိုးအပ်​​တွေနဲ့ ​ဆေးကဒ်​​တွေနဲ့
အ​လောသုံးဆယ်​ ထထွက်​သွားတဲ့ မိုး​ရေ!!!
ဥသြ​တွေကို ကယ်​တင်​လိုက်​ပါ
ပိ​တောက်​​တွေကို ကယ်​တင်​လိုက်​ပါ
လူကြိုက်​နည်းတဲ့ ​ဟောဒီ​တောစံပယ်​ပန်း​တွေကို​တော့
ငါကိုယ်​တိုင်​ ပြန်​လည်​​ခေါက်​သိမ်းလိုက်​ပါ့မယ်​။

သီချင်းက
မြင်းရိုင်းတစ်​​ကောင်​လို ကဆုန်​စိုင်းဝင်​လာတယ်​။
ကိုယ့်​တပ်​ကိုယ်​ ပြန်​နင်းသွားတယ်​ဆိုတဲ့
နောက်​ဆုံးရ စစ်​သတင်းနဲ့
မင်​သက်​​နေတဲ့ စစ်​သူကြီးဟာ ငါ​ပေါ့...။
အခန်းထဲမှာ​တော့
စီးကရက်​​တွေနဲ့ ဖန်​ခွက်​​တွေနဲ့
အချိန်​ပြည့်​မွန်းကျပ်​​နေတဲ့ နာရီ​အော်​သံ တချက်​ချက်​ ...
ဒါဟာ
ဘယ်​နှစ်​ရက်​​မြောက်​ ဧပရယ်​လဲ...။

က​ဖေးဆိုင်​​သေး​သေး​လေးထဲ
ကိုယ့်​ဒဏ်​ရာကိုယ်​ ပြန်​​ငေးရင်း
အရူးတစ်​​ယောက်​လို ရယ်​​နေမိတဲ့ တနင်္ဂ​နွေ...
ဒီ​နေ့...
တစ်​လမ်းလုံး အပူ​ငွေ့​တွေ ​စွေ​နေတယ်​။

                               (​နွေလူသစ်​)


No comments:

Post a Comment