Saturday, April 4, 2015

မိ​နွေ (​၁)

မိ​နွေ( ၁)

နွေဟာ
တဖျစ်​ဖျစ်​ မြည်​​ကျွေး ​နေပြီး
ငါ့ရင်​ကို
ပက်​ကြားအက်​ ​စေသူ။

နွေဟာ
ငိုစရာရှိရင်​ ငို​ပေါ့။
ငါ့မှာ​တော့
မင်းက​နွေမို့
ကိုယ်​တိုင်​ပဲ ကန္တာရဖြစ်​​နေပြီ။

နွေဟာ
ပန်းချီကား ထဲကအတိုင်း
လက်​ပံပင်​နဲ့ ​ရေချမ်းစင်​ နဲ့
မဟုတ်​ပြန်​ဘူး။

ကဗျာထဲကလို
ထ​နောင်းပင်​​ပေါ်မှာ
ချိုး( ဂျိုး ) နှစ်​​ကောင်​လဲမရှိပြန်​ဘူး။
နွေဟာ
ဇရာကိုလွန်​ဆန်
ပြန်​ပြီးနုပျိုချင်​တယ်​။

ဆို​တော့
နွေဟာ
နွေနဲ့မတူ​အောင်​ကို
မိုက်​လုံးကြီးပစ်​လိုက်​တယ်​။



မိ​နွေ ( ၂)

ပူ သည်​။
မိုး ရာ သီ ကို ​တောင်
နွေ ​ခေါင်​ ​စေ တဲ့ သူ။




မိ​နွေ ( ၃ )

စိတ်​များကား
တ​လောကလုံး အ​မှောင်​ဖုံး​နေသလို
သူ့ကိုယ်​သူ မမြင်​နိုင်​။

ပွင့်​ထွက်​လာမယ့်
စိတ်​ခံစားမှု​တွေက
သမရိုးကျ​တော့မဟုတ်​ဘူး။

မရမ်းသီးရဲ့ အချဉ်​နဲ့
သံပုရာသီးရဲ့ အချဉ်​ဟာ
ထပ်​တူမကျနိုင်​သလို
ငေါ်တူးတူးအနံ့​တွေနဲ့ပဲ
သူလိုငါလို ​ပေါက်​ကွဲတဲ့သူ။
မိ​နွေဟာ
လူ့အဖွဲ့အစည်းရဲ့
ဂေဟစနစ်​နဲ့အညီ
အိမ်​​ထောင်​ပြု သား​မွေးခြင်းကို
နှစ်​သက်​သတဲ့​လေ။

မိ​နွေ​ရေ ....
သေတဲ့သူပြန်​ရှင်​သန်​ဖို့ထက်
မင်း​ကောင်းကင်​မှာ
ကြယ်​​တွေစုံဖို့ဘဲ
ငါဆု​တောင်းတယ်​။

မင်းအိမ်​စစ်

Posted via Blogaway

No comments:

Post a Comment