Zaw Zaw Htun
Yesterday at 7:06am · Edited ·
နေ့စွဲတစ်ခုအတွက်ဂုဏ်ပြုတေး
နေ့စဉ်နေ့တိုင်း ကျွန်မ တို့ အပြင်ကိုထွက်ကြ၊
အလုပ်အတွက် တစ်ယောက်က တစ်ယောက် ကိုဖြတ်သန်းလျှောက်လှမ်းနေကြ၊ တစ်ယောက်
မျက်လုံးကို တစ်ယောက်ကလျောက်ဖမ်းကြ၊ မဖမ်းကြ၊
ပြောဖို့အတွက်နဲ့ ပြောနေကြဖို့အတွက်။
ကျွန်မ တို့အကြောင်းကတော့ ဆူညံသံတွေပါပဲ။ ဒို့များအကြောင်းတွေကတော့
ဆူညံသံတွေနဲ့ ရှမ်းဆီးပင်၊ ဆူးများနဲ့ ထပ်ခါပြောတဲ့ စီစီညံညံသံတွေ၊ တစ်ခုစီသော
တို့များလျှာပေါ်မှာရှိတာက ကျွန်မ တို့ရဲ့ဘိုးဘွားများရဲ့အသံများပါလေ။
တစ်ယောက်ယောက်ဟာ အင်္ကျီအနားကွပ် ထိုးနေပေါ့၊ ဖာထေးနေကြပေါ့
ယူနီဖောင်းဆီက အပေါက်ကို၊ တာယာကွဲတစ်ခုကို ပြုပြင်နေကြပေါ့၊
ပစ္စည်းများကို ပြင်ဖို့ ပြုဖို့လိုသလောက်ကို ပြုပြင်နေကြပေါ့။
တစ်ယောက်ယောက်ဟာ တစ်နေရာရာမှာ ဂီတကို ဖန်တီးဖို့ကြိုးစားနေမယ်၊
ဆီတိုင်ကီကို သစ်သားဇွန်းတစ်စုံနဲ့၊
ချယ်လို တယောနဲ့၊ ကက်ဆက်ကြီးတွေ၊ ဟာမိုနစ်ကာလေတူရိယာတွေ၊ သီဆိုသံတွေနဲ့။
မိန်းမကြီးတစ်ယောက်နဲ့ သူ့သားငယ်ဟာ ဘတ်(စ)ကားကို စောင့်တယ်။
လယ်သမားက ကောင်းကင်ကြီးကို ပြောင်းလဲဖို့ စဉ်းစားတယ်။
ဆရာမက မင်းခဲတံကိုထုတ်တော့လို့ ပြောတယ်။ ဒါဟာအစပြုတာ။
ကျွန်မ တို့ တစ်ယောက်ကို တစ်ယောက် စာလုံးများနဲ့တွေ့တယ်၊
ချွန်မြ (သို့မဟုတ်) ချောမွတ်၊ တီးတိုးပြောတဲ့ (ဒါမှမဟုတ်) ကျယ်လောင်စွာပြောတဲ့၊
စကားလုံးတွေစဉ်းစားဖို့၊ ပြန်စဉ်းစားဖို့ပေါ့။
ကျွန်မ တို့ဖြတ်သန်းတဲ့ ဖုန်ထူလမ်းများနဲ့ အဝေးပြေးလမ်းတွေဟာ အမှတ်အသားဖြစ်
တစ်စုံတစ်ယောက်နဲ့ အခြားသူများရဲ့ဆန္ဒ၊ သူတို့ပြောခဲ့
အခြားတစ်ဖက်မှာ ဘာရှိသလဲဆိုတာ ကျွန်မ
မြင်ကြည့်ဖို့လိုတယ်။
ကျွန်မ သိတယ် အဲဒီလမ်းပေါ်မှာ တစ်ခုခုပိုကောင်းတာ ရှိတယ်။
ကျွန်မ တို့ လုံခြုံမယ့် နေရာလေးတစ်ခုကိုတော့ ကျွန်မ တို့ရှာဖို့ လိုအပ်တယ်။
ကျွန်မ တို့ ခုထိမမြင်နိုင်သေးတဲ့လမ်းကို ကျွန်မ တို့လျှောက်လှမ်းတယ်။
ရိုးရိုးသားသားပြောမယ်။ ဒီနေ့အတွက်တော့ အဲဒါ သေဆုံးပြီး ဖြစ်ချင်ဖြစ်မယ်။
ကျွန်မ တို့ကို ဒီနေရာထိ ပို့ဆောင်ပေးခဲ့တဲ့ သေဆုံးခြင်းရဲ့ အမည်နာမကို တေးလုပ်ဆိုတယ်။
သူက မီးရထားလမ်းတွေပေါ် လဲလျောင်းခဲ့၊ တံတားတွေပေါ်ကို တက်ရောက်ခဲ့ပါတယ်၊
ဝါချည်နဲ့ မုန်ညင်းကို ဆွတ်ယူခဲ့၊ တည်ဆောက်ခဲ့
အုတ်တစ်ချပ်ချင်း တဖျတ်ဖျတ်လက် အမှတ်အသားပြု အဆောက်အဦးကြီးတွေ
သူတို့ဆန္ဒနဲ့အတူ နံဘေးမှာ သန့်ရှင်းထားပြီး အလုပ်ဆက်လုပ်ကြတယ်။
ရုန်းကန်ခြင်းအတွက် ဂုဏ်ပြုတေး၊ နေ့စွဲတစ်ခုအတွက် ဂုဏ်ပြုတေး။
လက်နဲ့ထိုးတဲ့ လက်မှတ်တစ်ခုစီအတွက် ဂုဏ်ပြုတေး။
မီးဖိုချောင်စားပွဲများဆီက ဖြေရှင်းပြီးသား ပြဿနာ
တချို့က အိမ်နီးချင်းတွေကို သူတို့ကိုယ်သူတို့ ချစ်သလို အချစ်နဲ့ နေထိုင်ကြ၊
တခြားသူတွေက မသာစေ မနာစေစိတ်နဲ့ သင်လိုသလောက်
သာယူပြီးနေကြ။ ချစ်ခြင်းတရားရဲ့ ခွန်အားအကြီးမားဆုံး စကားလုံးက ဘာလဲ?
လင်ရယ်မယားရယ်၊ သွေးရင်းသားရင်း၊ နိုင်ငံလူမျိုးဆိုတဲ့ ချစ်ခြင်းတွေရဲ့အလွန်၊
အလင်းရဲ့ ကျယ်ကျယ်ပြန့်ပြန့် အလုပ်အကျွေးပြုခြင်းကို ပုံဖော်ထားတဲ့ ချစ်မြတ်နိုးခြင်း၊
အဆုံးအဖြတ်အမှားကို ဦးစားပေးစရာမလိုတဲ့ ချစ်မြတ်နိုးခြင်း။
ဒီနေ့ထဲက ပြိုးပြက်လင်းလက်၊ ဒီဆောင်းလေဟာ၊
ဘယ်ဟာကိုမဆို ထပ်ပြီး ပြုလုပ်ခြင်းခံရ၊
ချောက်ကမ်းပါးပေါ်မှာ၊ အနားသတ်မျဉ်းရဲ့ အစွန်မှာ၊ အဆုံးသတ်အမှတ်ဆီမှာ၊ ဘယ်ဝါကျကိုမဆို အစပြုနိုင်ရဲ့၊
ဒီအလင်းရောင်ထဲ ရှေ့ဆက်လျှောက်လှမ်းခြင်းအတွက် ဂုဏ်ပြုတေး ဖြစ်ပါရဲ့။
အဲလီးဇဘက်အလက်ဇန္ဒား
(သမ္မတအိုဘားမားပထမအကြိမ်ကျမ်းကျိန်ပွဲမှ
Saturday, April 18, 2015
နေ့စွဲတစ်ခုအတွက်ဂုဏ်ပြုတေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment