Friday, April 24, 2015

စိုးရိမ်​​ရေမှတ်​"

"စိုးရိမ်​​ရေမှတ်​"

စာရွက်​​တွေ တဖျပ်​ဖျပ်​လှန်​လည်း
အိပ်​မက်​​တွေ အသံထွက်​ မမှန်​​တော့ဘူး။

ရောက်​​ရောက်​လာတဲ့ သတင်းစကား​တွေဟာ
ဘုရားသခင်​ရဲ့ ​မေတ္တာတရားလား
မာရ်​နတ်​ရဲ့ မုသားလား

မလာတဲ့ ဖုန်း​တွေကို
မျှော်​ရတာ ​မောသ​လောက်
မှားဝင်​လာတဲ့ ဖုန်း​တွေကို
ဖြေရတာ မုန်းတယ်​။

ပြန်​လာခဲ့ . . .
အ​ဝေးကြီးဆိုလည်း ပြန်​လာခဲ့ . . .
နီးနီး​လေးဆိုလည်း ပြန်​လာခဲ့ . . .

ဟောဒီမှာ
ချာတိတ်​တစ်​​ယောက်​ရဲ့ သန်း​ခေါင်​ယံဒိုင်​ယာရီ
မြို့သစ်​တည်​​ဆောက်​ရန်​ အိပ်​မက်​နဲ့
နောက်​ဆုံးရ စိုးရိမ်​​ရေမှတ်​များ . . .
ကြိုးဝိုင်း၊ ၀ိတ်​တန်းနဲ့
အ​ပေါ့စား​လေ့ကျင့်​ခန်းများ  . . .
ခြေစမ်းပွဲ၊ ​လှောင်​ပြုံးနဲ့
ချစ်​ကြည်​​ရေး သံခင်း တမန်​ခင်းများ . . .
ပွဲပြီးရလဒ်​၊ စက္ကူချပ်​သရဖူနဲ့
အခမဲ့ သင်​တန်းများ . . .
ချိုချဉ်​၊ ပျားရည်​နဲ့
ပုံဖျက်​ထားတဲ့ ဓားသွားများ . . .

ဗားဆိုင်းစာချုပ်​ကို သိတယ်
စစ်​​အေး​ခေတ်​ကို သိတယ်
ကလီယိုပါထရာကို သိတယ်
နပိုလီယံရဲ့ ၀ါတာလူးစစ်​ပွဲကို သိတယ်

ပြန်​လာခဲ့ . . .
အ​လည်​ဆိုလည်း ပြန်​လာခဲ့ . . .
အပြီးဆိုလည်း ပြန်​လာခဲ့ . . .

ကားမာတ်​စ်​၀ါဒကို သိတယ်
ပ​လေတိုးနစ်​လဗ်​ကို သိတယ်
နတ်​ရှင်​​နောင်​ကို သိတယ်
ကျေးညီ​နောင်​ကို သိတယ်
မီးနဲ့ ချိပ်​ကို သိတယ်​ 

ပြန်​လာခဲ့ . . .
ပြန်​လာခဲ့ . . .
ဘာပဲဖြစ်​ဖြစ်​ ပြန်​လာခဲ့ . . .။

(​နွေလူသစ်​)


No comments:

Post a Comment