((( ဖိနပ်မှာ နိဗာန်ဆု မရှိဘူးလား )))
ကျောင်းဝန်းထဲက ရဟန်းသံဃာတော်တွေကို
နဖူးတိုက် ဒူးတိုက် ဦးခိုက် နှလုံးပိုက်
ရှိခိုး ဦးချ ဖူးမော်ချင်လိုက်တာ
ငါ့ကို
ကျောင်းဝန်းအပြင်မှာ ချွတ်ပစ်ထားခဲ့တယ်
ဘုရားဝန်းထဲက ပုထိုးစေတီတော်တွေကို
နဖူးတိုက် ဒူးတိုက် ဦးခိုက် နှလုံးပိုက်
ရှိခိုး ဦးချ ဖူးမော်ချင်လိုက်တာ
ငါ့ကို
ဘုရားဝန်းအပြင်မှာ ချွတ်ပစ်ထားခဲ့တယ်
ငါဟာ မိစ္ဆာ မဟုတ်ဘူး
ငါဟာ ဒိဌိလည်း မဟုတ်ဘူး
ငါဟာ လူသားတွေ နေ့စဉ် အသုံးပြုတဲ့
လူသုံးလူသားဖိနပ်တစ်ရံ
လောက၏
မြတ်သောမြေမှ သူတို့တွေ အပြန်
ငါ့ကို ပြန် စီး ဖို့ သတိရနေတာကိုပဲ
ကျေးဇူးပါပဲ ဒီ ဝဋ်ကျွေးထဲ
သဲကြိုးလေးတွေ မပြတ်သေးသရွေ့။ ။
သုအိုင်စံ
၁၈-၀၄-၂၀၁၅
Saturday, April 18, 2015
(( ဖိနပ်မှာ နိဗာန်ဆု မရှိဘူးလား )))
Subscribe to:
Post Comments (Atom)
No comments:
Post a Comment