အလင်္ကာကမ်းထားသော ညဝင်တေး
ညရဲ့တေးသံကြား
ချစ်ခြင်းရဲ့အလင်္ကာတွေ
စီးဝင်မျောသွား
လှပလွန်းတဲ့
အကြင်နာတွေသူ့အနား..
လေချိုသွေးတွေ လူးလွင့်ပျံမျော
သံစဉ်တွေကနေ
သစ်ရွက်တွေကြွေကျ
ဂစ်တာသံက မိုးစက်တွေ တစ်ပေါက်...နှစ်ပေါက် ဝေ
စာသားတွေက အပြုံးလေးတွေ
ကိုယ်စီ ချီလို့..
သရုပ်ဖော်က
ကြယ်တွေ အိပ်လိုက် နိုးလိုက်
တိမ်တွေရဲ့ငိုရှိုက်သံကို ဥပေက္ခာပြု
အေးမြမှု ညဥ့်ငှက် တောင်ပံဖြန့်သံကို
လရောင်လေး ခြုံပြီး
သာယာငြိမ့်ငြောင်း
မေတ္တာလေးတွေစီချယ်ကြ
ရင်ခုန်သံတွေ လှလှပပကလို့
ဒါဟာ အချစ်ညလေး
ကိုယ်စီရင်မှာ တမ်းတမေ့မရခဲ့
ရင်ဝှက်စကားများ
သာယာကြည်နူး
တသိမ့်သိမ့်ရင်ခုန်မိသော
ကိုယ်တို့နှစ်ဦးရဲ့
အေးတမြမြ ချစ်ခြင်းတရားများ။
လင်းငြိမ်း
အော်ရိုရာ
22.4.2015
Posted via Blogaway
Wednesday, April 22, 2015
အလင်္ကာကမ်းထားသော ညဝင်တေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment