Zaw Zaw Htun
17 hrs · Edited ·
လိုင်းရှည်များနှင့်ကျယ်ပြန့်တည်ဆောက်မှု (Expansiveness and Field Composition)
မော်ဒန်ကာလတွင် မီတာရှောင်ခွာသော စာကြောင်းတည်ဆောက်ပုံ နှစ်မျိုးမှ လိုင်းတိုများအား တင်ပြပြီးသောအခါတွင် လိုင်းရှည် (ဝါ) ဖြန့်ထွက် တည်ဆောက်ပုံသည်လည်း ထင်ရှားသော ရေးဟန်တစ်ခုဖြစ်လာသည်။ လွတ်လပ်သော လိုင်းရှည်များက အခြားသော ရေစီးတစ်ခုဖြစ်အောင် အားပေးခဲ့သည်ဟူသော အဓိပ္ပါယ်ရသည့် (The other stream of writing encouraged by freeing the line is expansive) ပါမောက္ခဂျက်ဖရီက လိုင်းရှည်တည်ဆောက်မှုကို သူ့ကဗျာအခြေခံကျမ်းတွင် တင်ပြရန် ကြိုးပမ်းသည်။
ဖြန့်ထွက် ကဗျာစာကြောင်းတည်ပုံမှ ကျွန်တော်တို့ကိုပေးမယ့် စိတ်ခံစားချက်က ဘာလဲ။ ကာရံမဲ့ကဗျာဖခင်ကြီး ဝေါ့(သ်)ဝှစ်(ထ်)မန် ရဲ့ ရေးဖွဲ့ပုံအတိုင်း ကဗျာဆိုတာဟာ ဖြန့်ဝေစွာ (ဝါ) ရှည်လျားပြန့်ကားစွာ တည်ဆောက်၍ရသည်။ (Poem can be deliberately) ဟု ဆိုသည်။ မကြာခဏ ဆိုသလိုပင် မရည်ရွယ်ဘဲ ထည်ဝါစွာ တည်ဆောက်၍လည်း ရသည်။ (Often ostentatiously casual) လို့သုံးသည်။ ခံစားမှုမပါ၊ ဖိအားမပါသော နိစ္စဓူဝထင်မြင်ချက်တွေကို ခပ်ဖြည်းဖြည်းနဲ့ များများ ပန်းတိုင်ရောက်အောင် ပစ်လွှတ်ဖို့ စိတ်အားထက်သန်တယ်ဆိုတဲ့ ခံစားချက်မျိုးကို ကဗျာဖတ်သူက ခံစားရလိမ့်မယ်ပေါ့။ ကဗျာစာကြောင်းရှည်များကို “S” နှစ်လုံး အားပြုတည်ဆောက်ကြပါသည်။
၁။ ရိုးရှင်းစွာ (simply)
၂။ အံဝင်ခွင်ကျဖြစ်စွာ (suitably)
ဖြင့် အနောက်တိုင်းကဗျာဆရာများက ခင်းကျင်းကြသည်။
တစ်ခါတရံတွင် ပြတ်ရွေ့စာကြောင်းများ (Dropped Lines) က မူလစာကြောင်း၏ ညာဘက်မာဂျင်တည့်တည့်တွင် ရှိလျှင်လည်း လိုင်းရှည် (ဝါ) ပြန့်ကားတည်ဆောက်မှုဟု သတ်မှတ်သည်။
- I’m getting tired of not wearing underwear
And then again I like it
Strolling along.
Feeling the wind blow softly on my genitals.
အတွင်းခံဘောင်းဘီမဝတ်လို့ ကျုပ်တော့ ပင်ပန်းနေပြီလေ
ပြီးတော့ တစ်ပြိုင်နက်ပဲ ကျုပ်အဲဒါကို ကြိုက်မိပြန်တာက
အေးဆေးလမ်းလျှောက် နေရာတစ်လျှောက်
ကျုပ်မျိုးပွားအင်္ဂါအစုံကို လေက ညင်သာစွာတိုက်ခတ်ပါတဲ့ ခံစားချက်ကို
တစ်ဦးချင်းဆီဘဝကသာ(ဇော်ဇော်ထွန်း၊ကျော်ဇောခိုင်
Saturday, April 18, 2015
လိုင်းရှည်များနှင့်ကျယ်ပြန့်တည်ဆောက်မှု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment