Saturday, April 18, 2015

ဝါသောအရောင်


Zaw Zaw Htun
16 hrs · Edited ·
ဝါသောအရောင်

ဝါသောအရောင်တစ်ခုကျုပ်ဟာအရောင်တစ်မျိုးကို မချစ်ဘူး အဝါရောင်ဟာသူ့ရဲ့အသံနဲ့ကျုပ်ကိုပျင်းရိ အောင်လုပ်ပြီးသန့်စင်တဲ့သတ္တုရဲ့အော်သံနဲ့အတူအဆုံးမတော့ခေါင်းလောင်းထိုးသံအဝါရောင်ကသင်၏လက္ခဏာကိုဆုပ်ကိုင်ထားခြင်းဟာကုဗတုံးရေခဲများ ပျော်ကျခြင်းမှ အေးစက်တဲ့အရသာသည်ပင် စကားလုံးတစ်လုံးအားလှည့်ဖြားခြင်းအရာငါ့ကိုသူပိုင်တဲ့ကမ္ဘာကို ပြသတဲ့အဝါရောင်ကျုပ်အထင်တော့ထောပတ်ခွက်များကခလေးငယ်တစ်ယောက်ရဲ့မေးအောက်မှတဆင့်နုပျိုတဲ့လည်မျိုတစ်လျှောက်မိတ်ဆွေဖြစ်မှုနဲ့အတူထိတွေ့ခြင်းနှင့်အတူ..အို…သင်ဟာထောပတ်ကို နှစ်သက်တာပဲဆို သင်တကယ်ပြုလုပ်ချင်သော အံ့မခန်းအရာများအား ထားရစ်ပြီး
ပန်းရိုင်းများကတော့ သူတို့အား နမူနာဋ္ဌာန၌ ပြီးပြည့်စုံခြင်းဖြစ်ကာ အရိပ်သည် ပျားပိတုံး၏ တောင်ပံထက်ပို၍လျှင်မြန်ရွေ့လျားပြီးနောက် ထိုနေရာတွင် သူ့တို့သည် သင်၏ ကြာရှည်ခိုင်မြဲမည်မဟုတ်သော ငယ်ဘဝအား သင်ပြန်ခံစားရသလိုရိတ်သိမ်းခြင်းနောက်ကွယ် အဝါရောင်ဘက်၌ သင်ရှောင်ရှားပါသော အမြစ်တွယ်မှုဟာ သူ့ကိုယ်ပိုင်တေးသွားကို
နာကျင်မှုတစ်မျိုး ဖြစ်စေသည့် နှိုးဆွခြင်းနှင့် ကျယ်ပြန့်ပါသော အရေခွံများသည် ထိုအရာက ကုလားချဉ်ပေါင်ပင်၊ ထိုအရာကမည်သို့ပင်ဖြစ်ဖြစ် အမြဲတမ်း အဝါရောင်ဗျည်းအက္ခရာက သစ်ရွက်များပေါ်မှာ ထိုးတက်၍ အခြားသော အပင်များ၏ အနီရင့်ရောင်တီးတိုးပြောသံနှင့် ဆေးဖက်ဝင်ပင်များသင်ဘယ်တော့မှ သိခွင့်မရှိသောမတော်တဆလက်များ၏အမည်ဟာသင့်မှတ်ဥာဏ်တွင်းပွင့်ထွက်တဲ့အဝါရောင်သည်ပန်းသီးတစ်လုံးအားနေရောင်မထိထားသကဲ့သို့အဝါရောင်သည်မြစ်တစ်စင်း၏နှလုံးသားဖြစ်သလိုညနေခင်းမြက်များဆီကနွေဦးသစ်စေ့များသစ်ပင်အဆီအနှစ်ထဲသို့ရောက်ရှိပြေးဝင်သည့်လယ်ကွင်းများလည်းထိုနည်းလည်းကောင်း ဖြစ်၍
သဘာဝဘိန်းပင်များပင်စည်၏ရှည်လျားခိုင်မာခြင်း၌ ကျုပ်ဟာ အဝါရောင်အားပြန်လည် တည်ဆောက်ပါသော်လည်း မြန်မြန်ဆန်ဆန်ကြောက်ရွံ့အဝါရောင်၏ အားနည်းမှုသည် ရှင်ခြင်းနှင့်သေခြင်းကြား၌ ရှိပါသောတံတားတစ်ခုအလေ့ကျပေါက်ပင်သစ်ရွက်များကချည်မျှင်များကို ရွှေဒင်္ဂါးပြားများကဲ့သို့ ထုတ်လုပ်နေခြင်း ဒါမှမဟုတ် နောက်ဘဝပိုတစ်ခုလို ဥတုရာသီ၏ ပေါင်းခံခြင်းကသစ်သီးများအားချိုမြိန်စေခဲ့သည် သို့မဟုတ် ကြီးမားသည့် အဝါရောင်သည် သကြားများ၍ချိုမြသောအရသာရှိသည့်ပုံသဏ္ဍန်မျိုးစုံနှင့် သစ်စေ့များအား ကိုက်ခဲ၍ ထိုသစ်စေ့များက အနံ့မကောင်းတဲ့သင့်လည်ချောင်းကအသားလွှာကဲ့သို့ မှောင်မိုက်ပြီး သင့်လည်ချောင်း အဝါရောင်ရေမြောင်း ရေဆာမှုက သင်မနှစ်သက်သောကြက်ဥ၊ ပို၍
သူ၏စက်ဝန်းကွေးများ ကဲ့သို့ အဝါရောင်ကြက်ဥ ပြုတ်ဆူခဲ့ပြီး မရှိတော့တဲ့ရနံ့ကိုပေးသော်လည်း
သင်ကမျက်နှာကိုပေါင်းတင်ချင်တာကပူသောအမျှင်များထုတ်တဲ့ရီဝေဝေသင့်မျက်ဝန်း၏ကြက်ဥအနှစ်အဝါရောင်သည်ငလျင်ဗဟိုချက်သကဲ့သို့ နှောင့်ယှက်မှုလက်ဆန့်တန်းကြိုဆိုသောရစ်သမ်တစ်ခုဟာအဝါရောင်မွန်းလွဲထဲမှာရှိပြီးအဲဒီမွန်းလွဲသည်ပင်စိတ်ကူးအလင်းထဲပစ်ချခံရတဲ့အမျိုးအစားတစ်ခုဟာသင့်၏မှတ်ဥာဏ်ထဲမှာရှိပြီးထိုအရာကချက်ချင်းဖြစ်ပေါ်မှုအခြေအနေကအတိတ်အဖြစ်အပျက်များ သင်ကြားဖူးသော ပုံပြင်များအား ရောနှောပစ်သည်နှင့်အတူပုံရိပ်များကအဝါရောင်ထဲရှိ သင့်အားသရုပ်ဆောင်ပြနေ။ ကျေးငှက်များက အဝါရောင်တေးသွားကို သီဆိုသည့် နောက်ကွယ်၌လိုက်ပါလာသော တေးသွားသည်ပယင်းကျောက်ဂီတသင်္ကေတများက အနက်ရောင်လက်ရေးလှအင်းဆက်များအား ထောင်ချောက်ဆင်ခဲ့။ သင့်ဖိနပ်ပေါ်ကျတဲ့ လမ်းမကအလင်းရောင်အားထုပ်ပိုးခဲ့ထိုအရောင်ကသင့်အားလုံခြုံသောအဝါရောင်အားပေးပြီးနောက်လုံခြုံသောအဆုံးမဲ့အဝါရောင်အား ပေးပြန်၏။

YELLOW (Lizz Murphy)


No comments:

Post a Comment