Zaw Zaw Htun
May 9 at 10:44am · Edited ·
ကျန်သောတစ်စုံတရာ (Something Else)
ကျွန်တော်တို့ မြောက်ဘက်တူရူကို မောင်းခဲ့ပါသည်။ ပေ့ခ်ျဘက်ကိုပေါ့။ ဖီးနစ်(စ်)ရဲ့အပြင်ဘက်၊ အဖေကတော့ ထနောင်းပင်တစ်ပင်ကို “နှင်းလူတစ်ကောင်” ဟု ခေါ်ခဲ့ပါသည်။ နောက် ဖလက်(ဂ်)စတက်(ဖ်) ထဲမှာဖြင့် နှင်းမုန်တိုင်းတစ်ခု၊ လေချဉ်ပျို့တက်ခြင်းတစ်ခု၊ သူက အသားညှပ်ပေါင်မုန့်ဝိုင်း များအကြောင်းပြောခဲ့ပြီး မိနစ်အနည်းငယ်တိုင်းမှာ အခြားသောအရာတွေဖြစ်တဲ့- အမဲသား၊ ကြက်ဆင်၊ ကြက်၊ ဟင်းသီးဟင်းရွက်။ ကျွန်တော် နွားနောက်နှင့် ငှက်ကြီးဝန်ပိုကို ထပ်ပေါင်းပေးခဲ့သည်။ ကျွန်တော်တို့ တစ်နာရီလောက် စောပြီး ရှေ့ပြေးလမ်းညွှန် မရောက်မှီ ရောက်ခဲ့တဲ့အတွက် အနီရောင် ကင်ယွန်ချောက်ကမ်းပါးတွေဆီ၊ အသားစား ဠင်းတများဆီကို ငေးဖြစ်ခဲ့ကြသည်။ ကျွန်တော်က ပျောက်ဆုံးနယ်မြေဆိုတဲ့ ကာတွန်းအဟောင်းထဲက စလီးစတိတ်ကောင်တွေအကြောင်း ပြောခဲ့သေးသည်။ ကျွန်တော့်အဖေကတော့ မြစ်တစ်စင်းဟာ ကင်ယွန်ချောက်ကမ်းပါးကို ဖြတ်သန်းသွားပြီး ကြီးမားတဲ့ ကျောက်တုံးကြီးတွေကနေ သဲပွင့်တွေအဖြစ် ပြောင်းလဲသွားတဲ့ ရေနဲ့အချိန်ကာလကို အသံထွက်ပြီး အံ့သြမှုကို ပြပါသည်။ ကျွန်တော်တို့ ဖိနပ်ရှည်ကို ထုတ်စီး၊ နောက်တော့ ငါးမျှားတဲ့အကျီ င်္တွေထုတ်ဝတ်ကြပြီး ငါးမျှားတံကို တပ်ဆင်ကြသည်။ လိမ္မော်ရောင် တိမ်သားကောင်းကင်ပေါ်မှ ပြေးလွှားနေတာကိုတော့ လမ်းပြစာအုပ်တွေရဲ့အလိုအရ ရွေးချယ်မှု ပျံသန်းနေတာလို့ ဆိုကြပါသည်။ နောက်တော့ ပိုပြီးများလာပါသည်၊၊ လမ်းညွှန်ပုဂ္ဂိုလ်ကတော့ ခုထိက မရောက်သေးပါဘူး၊ ဆဲလ်ဖုန်းကတော့ ဘယ်သူ့ဆီကိုမှ ခေါ်လို့ကိုမရတော့ဘူး။ အဖေကတော့ မသွားခင်အထိကို စောင့်ချင်နေတုန်းပါ။ ကျွန်တော်ကတော့ ကိုယ့်ဘာသာကိုယ်ပဲ ရေစပ်ကို တိုးပြီးဖြတ်လျှောက်လိုက်ပါသည်။ နွေဦးမှာ ကျွန်တော်တို့ ခံစားသင့်တဲ့ နှင်းတွေ စတင်ကျလာသည်။
အဆုံးမတော့ ကျွန်တော်တို့ လမ်းညွှန်လှေက ထရပ်ကားဆီကို ရောက်လာခဲ့ပါပြီ။ “ရောက်သင့်တာကြာလှပေါ့” လို့ အဖေပြောတာ ကျွန်တော်ကြားလိုက်သည်။ ပုံသွန်းလောင်းထားတဲ့ ကျောက်သားတွေကြားက တစ်နေရာရာမှာ လမ်းပြတစ်ယောက်တည်းသာသိတဲ့ လျှို့ဝှက်အပေါက်တစ်ခုဆီကို သွားရာလမ်း ဒါမှမဟုတ် ဒီသီးခြားဖြစ်နေတဲ့ နေရာဆီကို ပြန်လာရာလမ်းပေါ်မှာလည်း ဖြစ်နိုင်ပါသည်။ ကျွန်တော်တစ်ခုတော့ ပြောချင်ပါသည်။ ဒီအချိန်တွင် ကျွန်တော်ခံစားခဲ့သည်က တစ်စုံတစ်ယောက်က ထရောက်ငါးကလေး၏ အသေးငယ်ဆုံးသော ရေထဲတွင် တွန့်ခါကူးခပ်မှုကို ခံစားသလိုပင် ကျောက်တုံးတွေကြမ်းပြင်တွေနဲ့လည်း မတူဘဲ တစ်စုံတရာ ထာဝရကျန်ရှိနေမယ် ဆိုတာကိုပါပဲ။
(ဤစာစုသည်စကားပြေသာဖြစ်၍စကားပြေကဗျာမဟုတ်ပါ)
ရေးသားသူ။ ရန်ဒေါဘရောင်း။
2008. Dec, elimae
Sunday, June 14, 2015
ကျန်သောတစ်စုံတရာ (Something Else)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment