Zaw Zaw Htun
May 9 at 2:43pm · Edited ·
အမည်ပေးမထားသော
( Untitled)
ကယ်တင်နိုင်သည့် အရာတစ်ခု၊ စိမ်းလန်းသော နက်မှောင်ခြင်း။ ကယ်တင်နိုင်သည့် အရာတစ်ခု ၊သင်ပြောပါ။ ဒုက္ခသည် ကျွန်ုပ်အား သူစိမ်းတစ်ယောက် ဖြစ်စေ၏။ ဒုက္ခကို ကျွန်ုပ်စားသုံး၏။ နာကျင်မှုများ၏ လှပသော လည်ပတ်စေမှုနေရာ၌ပွင့်လင်းကြရာ၊ တစ်ခုတည်းသော အရာသည် သေချာမှုအတွက် ကျွန်ုပ်ကယ်တင်နိုင်အရာ ဘေစ့်ဘော၊ ဂျက်ဇ်ဂီတဆရာကြီး တေတိုပူဝမ်တီ၏ တေးသွားက ဖြတ်သွားတဲ့ ကားတစ်စီးပေါ်က တွဲခိုသွား၏။ ကောင်းမွန်သော အသက်ရှုခြင်းဟာ ပိုင်ရှင်မဲ့ ဘုရားကျောင်းအတွက်။ ညအခါမှာ မြင့်မားတဲ့ မီးတောက်တွေက အမေရိကန်သံမဏိကုမ္ပဏီမှာ၊ စက်တဲဖဲလ်ရဲ့ မျှော်စင်မီးရောင်အောက်မှာ ဆယ်ကျော်သက်မလေးတွေက လှုပ်လီလှုပ်လဲ့ ကနေကြ။ ဆပ်ကပ်ကြော်ငြာသူ တစ်ယောက်ဟာ သူမရဲ့ကမ္ဘာလုံးပေါ်ကို ကြည့်သည်။ ရွေးချယ်မှုတိုင်းမှာ တစ်စုံတစ်ရာ ဆုံးရှုံးခြင်းတွေ ပါဝင်သည်။ လမ်းမကြီး၏ မျက်စောင်းထိုးလောက်တွင်ရုရှလူငယ်ဂိုဏ်းက လူငယ်များက သူတို့၏ ဆေးမှင်ရုပ်အသစ်ကို ဝင့်ကြွားလို့။ လူတစ်ယောက်ဟာ ”သူတော်စင်ကဲ့သို့ မြင့်မြတ်သန့်စင်သော”ဟူသည့် စာလုံးကို တီးတိုးရွတ်ဆိုပါသည်။ စည်ကားလှသော လူသွားလမ်းပေါ်ရောက်တော့ ကျုပ်ရဲ့ အကြွေတစ်မတ်ဟာ ပြုတ်ကျခဲ့ပြီး တံခါးလမ်းမပေါ်မှာ ရေးထားသော "SOVENIERS" ဆိုသည့်စကားလုံးကိုပဲ ရှာတွေ့ခဲ့၊ ခြေတုနှစ်ချောင်းနှင့် အရပ်မြင့်မြင့်လူဟာ လေမှုတ်တူရိယာတစ်လက် တီးမှုတ်နေခဲ့၊ စိမ်းလန်းသော နက်မှောင်မှု၊ ဂျစ်ပဆီတစ်ဦးက အပေါ်ကို မော့ကြည့်သည်။ လမ်းပေါ်က မိန်းမငယ်တစ်ဦ နောက်ကိုလှည့်ပြီး ကျုပ်ဆီကို တန်းတန်းမတ်မတ် လျှောက်လာခဲ့။ ကျုပ်သူ့မျက်နှာကို မြင်ခဲ့သည်။ သေချာမှုအတွက် ကယ်တင်နိုင်သော အရာ။ ကမ္ဘာရဲ့ ဝင်ရိုးတန်းမျဉ်းကွေးများ၏ အဆုံးမှာ။
ဆင်းသောမတ်(စ်)ဒတ်ဖာတီ (Sean Thomas Dougherty) Double Room
Sunday, June 14, 2015
အမည်ပေးမထားသော
Subscribe to:
Post Comments (Atom)
No comments:
Post a Comment