"ကဗျာဆရာ"
သာမန်ကောင်လေးတစ်ယောက်ပါ
မြစ်ကို လက်ညိုးထိုးပြီး
ကိုယ့်ကိုယ်ကိုယ် ပြန်မျှားခဲ့တာ
ရာသီတာ လွန်သွားတယ်
သစ်သီးက တစ်လုံးမှ မကြွေဘူး။ ။
"ပန်းချီဆရာရဲ့ အတ္ထုပ္ပတ္တိ"
မီးသင့်ဒဏ်ရာကို ဆေးပါးပါးသုတ်ပြီး
ကင်းဗတ်စနဲ့ အုပ်ထားခဲ့တယ်
တစ်ဘဝစာ လောင်ကျွမ်းခြင်းဟာ
ရိုးမြေကျ. . . ။ ။
"လူငယ်"
ယုံကြည်သလောက် လျှောက်ခဲ့တဲ့လမ်းပဲ
တောက်ပသလောက်
ဒဏ်ရာတွေ ရုန်းကြွလည်း
ညကို တေးမဆိုဘဲ သိပ်မယ်။ ။
"ကံမကောင်းတဲ့ကောင်"
ဘာတွေကိုပေးပြီး
ပြန်ရွေးရမယ့် အချစ်လဲ. . .
ငါ့လက်ဖဝါးပေါ်
သင်္ဘောတွေ ခဏခဏ မှောက်နေရဲ့။ ။
နွေလူသစ်
No comments:
Post a Comment