Monday, March 30, 2015

ပန်းနု​ရောင်​များ၏ ရာဇ၀င်

၁။
ပန်းနုရောင်များ၏ရာဇဝင်

ပန်းနုရောင် Pink ဟာ ကျွန်တော်တို့ကို ဘယ်လောက်ဖြားယောင်းပါသလဲ။ တချို့က ပန်းနုရောင်ကို ကြိုက်ကြသည်။ တချို့က မကြိုက်ကြပါ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျွန်တော်တို့ တစ်ခါတရံ ပန်းနုရောင်ဖက်ရှင်နှင့် လတ်ဆတ်သော အရသာတချို့ကို ဆာလောင်တတ်ပါသည်။ ပန်းနုရောင်၏ သမိုင်းအပိုင်းအစများကို မိုးရေစက်တွေရဲ့ အောက်မှာ ဖတ်ရှုခွင့်ကိုလည်း ရခဲ့ကြပြန်သည်။ ပန်းနုရောင် အသွင်ကွဲတစ်ကခု စစ်ပွဲတစ်ပွဲနှင့် ဆက်စပ်နေကြောင်းကို ဝီကီစွယ်စုံ Wikipedia က ဆိုသည်။ ထိုပန်းနုရောင်ကို မာဂျင်တာ (Magenta) လို့ ခေါ်သည်။ ကွန်ပြူတာအရောင်စနစ်၏ အလိုအရ ထိုအရောင်သည် အနီရောင်အား ဖျော့သောအပြာနှင့် ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည်ဟု ဆိုသည်။ ကွန်ပြူတာစနစ် အရောင်စက်ဝိုင်းတွင် ခရမ်းရောင် (Violet) နှင့် နှင်းဆီရောင် (Rose) ၏ကြားတွင် အတိအကျ နေရာယူသည်။ ထို မာဂျင်တာသည် အလင်းအလျား ၃၈၀ နာနိုမီတာ (nm) ရှိ၍ ခရမ်းရောင်၏ လှိုင်းများပမာဏနှင့် တူညီသည်။
မူလပန်းရောင်တွင် အလင်းလှိုင်းအလျားကို တိုင်းတာရန် စံသတ်မှတ်ချက် မရှိသော်လည်း ပန်းနုရောင်၏ အသွင်ကွဲများကိုသာ အာဂျီဘီ (RGB) စနစ်ဖြင့် တိုင်းတာထားကြသည်။ ဒီလို မာဂျင်တာပန်းရောင် အသွင်ကွဲကို မူလက ဖက်ခ်ျရှိုင်း (Fuchsine) သို့မဟုတ် ရို့စ်ဆိန်း (Roseine) ဟု ခေါ်ကြသည်။ ဒါက စစ်ပွဲတစ်ပွဲ မဖြစ်ခင်အချိန်အထိပါ


Credit>Ko Zaw  Zaw  Htun
Posted via Blogaway

No comments:

Post a Comment