Friday, March 27, 2015

ဆာရာ​ကေး ကဗျာ

Zaw Zaw Htun
12 mins · Edited ·
More options
အမျိုးအစား(အပြည့်အစုံတင်လိုက်ပါတယ်))

အကယ်၍သာ ရှင်က မိန်းမအမျိုးအစားအဖြစ် ကြီးပြင်းလာရင် ယောက်ျားလေးတွေ ကြည့်ဖို့အတွက်ပေါ့။
ရှင့်ကို သူတို့ကြည့်တာ ခွင့်ပြုနိုင်တယ်။ ဒါပေမယ့် လက်တွေအတွက်

ဒါမှမဟုတ် ပြူတင်းပေါက်တွေအတွက်
ဒါမှမဟုတ် ကြည့်မှန်တွေအတွက် ရှင့်မျက်လုံးတွေကို အမှားမခံပါနဲ့။

မိန်းမတွေဘာနဲ့တူတယ်ဆိုတာ သူတို့ကို ကြည့်ခွင့်ပြုပါ
အရင်က တစ်ခါမှ သူတို့မတွေ့ဖူးနိုင်လောက်တဲ့အတိုင်း

အကယ်၍သာ ရှင်က မိန်းမအမျိုးအစားအဖြစ် ကြီးပြင်းလာရင် ယောက်ျားလေးတွေ ထိတွေ့ဖို့အတွက်ပေါ့။
ရှင့်ကို သူတို့ထိတာ ခွင့်ပြုနိုင်တယ်။

တစ်ခါတလေမှာ သူတို့ရောက်နေရာ နေရာဟာ ရှင်မဟုတ်ပါ
တစ်ခါတလေမှာ သူတို့ဆိုက်ရောက်ရာ အဲဒီနေရာက ပုလင်းတစ်လုံး။ တံခါးတစ်ချပ်။ ဆင်းဒဝှစ်ခ်ျတစ်ခု။ ပူလစ်ဇာ။
အခြားသော မိန်းမတစ်ယောက်ပါ။

ဒါပေမယ့် သူတို့လက်တွေ ပထမဆုံးရှင့်ကို ရှာတွေ့ခဲ့။ စောင့်ရှောက်ပေးသူတစ်ဦးဖြစ်ဖို့အတွက်
ဒါမှမဟုတ် မိန်းမအဖြစ် အတင်းအကြပ်ပုံဖော်ထားခံရသူတစ်ဦးအတွက်။ ဒါမှမဟုတ် ကတိတစ်လုံးအတွက်။
ဒါမှမဟုတ် သားကောင်တစ်ကောင်ဖြစ်ဖို့အတွက်။
အဆာပြေမုန့်ပဲသွားရေစာတစ်ခုဖြစ်ဖို့အတွက် ရှင့်ကိုယ်ရှင် အမှားမခံပါနဲ့။

ရှင်က မိန်းမတစ်ယောက်ပါ။ အရေအသားနဲ့ အရိုးများ။ သွေးလွှတ်ကြောများနဲ့ အာရုံကြောများ။ ဆံနွယ်များနဲ့ ချွေးပေါက်များ။ ရှင်ဟာ တောင်းပံတိုးရှိုးသံ။ ခွင့်ပြုပေးခြင်းများ၊ တင်စားချက်များရဲ့ အပြုလုပ်ခံမဟုတ်ဘူး။

အကယ်၍ ရှင်ဟာ မိန်းမအမျိုးအစားအဖြစ် ကြီးပြင်းလာခဲ့ရင် ယောက်ျားတွေ ပွေ့ဖက်ဖို့အတွက်ပေါ့။
ရှင် သူတို့ကို ဖက်ထားခွင့် ပေးနိုင်တယ်။

တနေ့လုံးပဲ သူတို့ရဲ့  ကိုယ်ခန္တာတွေကို မတ်မတ်ထိန်းထားဖို့ သူတို့လေ့ကျင့်ကြတယ်
အဲဒီ့ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တော့ …ကြွက်သားတွေနာကျင်ကိုက်ခဲ…
လက်မောင်းတွေနဲ့ နောက်ကျောရိုးကို တင်းတင်းကျပ်ကျပ်ပွေ့ ပိုက်လို့ မင်းအနားက မေးခွန်းအမှတ်အသား(?)လို သူတို့ကိုယ်သူတို့ကွေးညွှတ်ဖို့ ခံစားရစေတဲ့ အရာကို ယောင်္ကျားတချို့ကသာလေ့လာသင်ယူဖို့ လိုလားပါရဲ့ 

ယောက်ျားတချို့သာ
သူတို့မှာအဖြေတွေမရှိဘူးလို့ ခွင့်ပြုပေးပြီး
ယောက်ျားတချို့က အခုချက်ခြင်း သူတို့မှာ ရှိသွားလိမ့်မယ်လို့ သူတို့ထင်ခဲ့တယ်

ယောက်ျားတချို့က ရှင့်ကို အဖြေတစ်ခုလို ပွေ့ဖက်ထားချင်ကြမယ်
ရှင်က အဖြေမှမဟုတ်တာ

ရှင်က အမေးပုစ္ဆာလည်း မဟုတ်ပါဘူး။ ရှင်က ကဗျာတစ်ပုဒ်မဟုတ်ပေဘူး။
ဒါမှမဟုတ် ရှင်က အတည်ပေါက်နောက်စရာ မဟုတ်ဘူး။ စကားထာလည်း မဟုတ်ဘူး။ ပြက်လုံးမဟုတ်ဘူး။

အမျိုးသမီးရေ။ အကယ်၍ ရှင်က ယောက်ျားအမျိုးအစားရဲ့ ချစ်ချင်စရာအဖြစ် ကြီးပြင်းလာမယ်ဆိုရင်
ရှင်က သူတို့ကို ချစ်ဖို့ ခွင့်ပြုနိုင်ပါတယ်

အချစ်ခံရတာနဲ့ချစ်နေရတာကမတူပါဘူး
ရှင်ကချစ်မိပြီဆိုရင်၊ အဲဒီအရာက လမ်းဘေးရေအိုင်ထဲ နှစ်ပေါင်းများစွာနောက် ခြေစုံပစ်ခုန်ချပြီး
သမုဒ္ဒရာကြီးကို ရှာဖွေတွေ့ရှိသွားတာ၊ အဲဒီအရာက ရှင့်မှာ လက်တွေရှိကြောင်း ဆင်ခြင်တာ
ပရိတ်သတ်ကြီး အိမ်ပြန်သွားမှ ကြိုးတန်းပေါ် လမ်းလျှောက်ရတာ

အကယ်၍များ မိန်းမအမျိုးအစားဖြစ်ရင် အံ့သြရင်း ရှင်အချိန်တွေ မဖြုန်းပါနဲ့
ယောက်ျားတွေ အမဲလိုက်ကြလိမ့်မယ်။ မော်တော်ကား အချက်ပေးသံအသည်းနှလုံးနဲ့ သူကရှင့်ကို ထားခဲ့ရင်
တစ်ယောက်တည်း သီချင်းသံကျူးဖို့ သင်ယူလိုက်ပါ။

အဲဒီအချစ်က ရှင့်ကို သက်ပြင်းချခြင်းနဲ့ဆားငံအရသာနဲ့အတူ ထားခဲ့ရင်တောင်
သမုဒ္ဒရာတွေကို ချစ်တာရပ်ဖို့ ခက်လှတယ်။
ညဘက် အိပ်ယာအောက်ထဲ ဖွက်တဲ့အချိန်မှာ
ရှင်နာမည်ပေးတဲ့တစ်စုံတစ်ရာ အမှားတွေ ရှင်ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေအတွက် ရှင့်ကိုယ်ရှင် ခွင့်လွှတ်ရမယ်။

ပြီးတော့ ရှင်သိပါတယ်။
ဒီနေ့ထိ ရှင်ပိုင်ဆိုင်တာတွေလို့ အမည်တပ်ထားတာတွေအတွက် နေရာလေးတစ်ခုရှာနေတဲ့
မိန်းမအမျိုးအစားတစ်ခုရယ်လို့ ရှင်သိထားစမ်းပါ။

အမြဲတမ်းရောက်ဖူးနေတဲ့နေရာဆီက
ဒီရုပ်တုတွေ ကျကွဲခွင့်ပေးလိုက်တော့

ရှင်က ကိုယ်တိုင်တည်ဆောက်နိုင်တဲ့ မိန်းမတစ်ယောက်
ရှင်က မွေးရာပါ တည်ဆောက်သူလေ။

(ဆာရာကေး)
Share


No comments:

Post a Comment