Sunday, March 29, 2015

ပြာသို့

ပြာသို့ … (ဇေယျာလင်း)

မင်းကို ရှေ့မှာတွေ့လိုက်လို့ နှစ်ဘလောက်စာ
ကိုယ် ပြေးလိုက်ခဲ့တယ်။ တစ်လျှောက်လုံးလည်း မင်းရဲ့နာမည် အော်ခေါ်ရင်း
အနီးကပ်မှ မင်းမဟုတ်မှန်း သိလိုက်ရပေမဲ့
ကိုယ် ဆက်ပြေးသွားခဲ့တယ်၊ မိုးကောင်းကင်ဆီမော့ပြီး မင်းရဲ့
ဂုဏ်သတင်းတွေ တောက်ပခြင်းတွေ ကိုယ် ဆက်အော်သွားတယ်။
ကိုယ့်ကို မီးရှို့သင်္ဂြိုလ်ပြီးပြီဆိုတော့ ကိုယ် ဒါကိုပဲ ပြန်ပြန်တွေးမိတယ်၊
ချစ်ရသမျှအားလုံးနောက်၊ လိုက်ပဲလိုက်နေရတာဖြစ်ပြီး
ဘယ်တော့မှလည်း အမိမဖမ်းနိုင်ဘူး ဆိုတာ။ ကိုယ့်ဘေးမှာ မင်း
အိပ်စက်နေချိန်မှာတောင်မှ မင်းဟာ အဝေးကို ပျံသန်းနေခဲ့ပြီ။
အနည်းဆုံးတော့၊ ကိုယ်တစ်ခါမှ မပိုင်ဆိုင်ခဲ့ရတာကို ဘယ်တော့မှလည်း
ဆုံးရှူံးသွားမှာ မဟုတ်ဘူးပေါ့။ မိမိအတ္တဆန်ခါမှာ လာငြိ ကပ်တင်နေတာ
ပိုကြီးမားတဲ့ အစိတ်အပိုင်းတွေ၊ မေးရိုး၊ မင်္ဂလာဆောင်လက်စွပ်၊
ခဏခဏ ပြန်ပြန်မက်နေမိတဲ့ တစ်ခုတည်းသောအိပ်မက်၊
ငိုချင်းတိုင်းမှာ သားချော့တေး၊ သဲကန္တာရထဲမှာရေးသားထားတဲ့ ပင်လယ်
သရုပ်ဖော်ရေးသားချက်တွေ၊ မင်းရဲ့ ကျိုးနေတဲ့ထီး။
ကိုယ် ပြန်ပြင်ပေးနိုင်ပါတယ်လို့ အခိုင်အမာပြောတဲ့ ကတိ။

Ash Ode by Dean Young

(ဒီးန်ယန်းဂ် – ဘာသာပြန် ဇေယျာလင်း။ သြဂုတ်၊ ၂၀၁၄


No comments:

Post a Comment