Tuesday, May 5, 2015

သက်တန့်(အက်ဆေးအဟောင်းပါ)


Zaw Zaw Htun
1 hr · Edited ·
သက်တန့်(အက်ဆေးအဟောင်းပါ)

ကျွန်တော်က သက်တန့်များကိုချစ်သည်။ ငယ်စဉ်က သက်တန့်များသည် ကောင်းကင်ဆီသို့ သွားရာလမ်းဖြစ်လေမလားဟု စိတ်ကူးယဉ်မိခဲ့ဖူးသည်။ သက်တန်ဆီသို့ သွားရန်ကြိုးစား ကြည့်ချင်သည်ဟု အမေ့ကိုတိုင်ပင်သောအခါ အမေပြုံးနေခဲ့သည်။ အဲဒီတုန်းက ပြုံးနေခဲ့သော အမေ့အပြုံးကို အဓိပ္ပါယ်ဖေါ်ရန် ကျွန်တော် နှစ်ပေါင်းအတော်ကြာအောင်စောင့်ခဲ့ရသည်။ အနတ္တတရား၏ အကောင်းဆုံးသက်သေအဖြစ် သက်တန့်များကို တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိစွာ ပို့ခဲ့မှန်းကျွန်တော်နောက်ကျမှ သိခွင့်ရခဲ့သည်။ ကောင်းကင်ပြာပြာ၏ အခြားတစ်ဖက်တွင် မည်သည့်အရာများရှိလေမလဲဟူသော အတွေးမျိုးကို ငယ်ဘ၀က တွေးခွင့်ပြုခဲ့သည့် အတွက် မည်သူ့ကို ကျေးဇူးတင်ရမည်နည်း။ သက်တန့်သည် ကျွန်တော်၏ ပုစ္ဆာအတွက် အကောင်းဆုံး တွက်နည်းတစ်ခု ဖြစ်လေမလားဟု မျှော်လင့်ခဲ့မိသည့်အတွက် နောင်တမရခဲ့ပါ။ ကျွန်တော် သက်တန့်တွေကို ဆုပ်ကိုင်ချင်သည်။ ကျွန်ုပ်၏ သက်တန့်များအားဆုပ်ကိုင်ခွင့် ကြိုးပမ်းမှုအားအမေသည် အသာတကြည်ပင် လိုက်လျောပေးခဲ့ပါသည်။

မိုးရှေ့ပြာ ခုံးခုံး တောင်ကြီးနဲ့
အဆုံးမှာချည်ထားတဲ့ “လမ်း” ဖြစ်တယ်။ အို …
လမ်းဟာဘယ်နေရာမဆိုရောက်နိုင်တယ်။..........(ရေချယ်ဖီးလ် ၏ လမ်းများ...မှ)

သက်တန့်သည် သူမနှင့် ကျွန်တော့်၏ကြားမှ “လမ်း” ပင်ဖြစ်သည်။ သက်တန့်များ၏ အဆုံးတွင် သူမရှိနေပါလိမ့်မည်။ ကျွန်တော်၏ “အလွမ်း” များအား လမ်းများ အဖြစ်ပြောင်းလဲပစ်ခဲ့သော သူမထံသို့ ရောက်ရှိရန်လမ်းသည် သက်တန့်များမှလွဲ၍အခြားမရှိပါ။ သက်တန့်များ၏အဆုံးတွင် ခြေဖ၀ါးတစ်စုံစာ ရပ်ခွင့်ရရန် ကျွန်တော်အလိုရှိပါသည်။ “ဘုရားသခင်သည် သိုးများကို နံနက်စောစောတွင် လုပ်သည်” ဟု ကဗျာဆရာ အင်္ဂရမ် (ingram) ကသူ၏ “သိုးများ” ကဗျာတွင် အတိအလင်းဆိုပြန်သည်။

သက်တန့်တွေကို မည်သူလုပ်ခဲ့ပါသနည်း။ ငါနဲ့သူမရဲ့ကြားက “လမ်း” ကို မည်သူလုပ်ခဲ့ပါသနည်း။ ဂရိလူမျိုးများရဲ့ အလိုအရ အိုင်းရစ် (Iris) နတ်သမီးဟာ ကမ္ဘာမြေနဲ့ ကောင်းကင်ဘုံတို့ရဲ့လမ်းအတွက် သက်တန့်ကို လုပ်ခဲ့သည်ဟု ဆိုသည်။ တရုတ်လူမျိုးတွေက တော့ နတ်ဘုရားမ နူးဝါ (Nüwa) ဟာ အရောင်မတူတဲ့ ကျောက်တုံးငါးမျိုးနဲ့ သက်တန့်ကို ဖန်ဆင်းတော်မူသည်ဟုဆိုပြန်သည်။ ဟိန္ဒူလူမျိုးတွေကတော့ အင်ဒရာဒဟမ်းနက်ရှ် (Indradhanush) ဟုသက်တန့်ကို ခေါ်ကြသည်။ မိုးကြိုး၊ လျှပ်စီးနဲ့ မိုးရေစက်များကို ပိုင်စိုးသော နတ်ဘုရား အင်ဒရာရဲ့ လေးကိုင်းဖြစ်သည်ဟု ယုံကြသည်။ အို … အသင်နတ်ဘုရား။ တောင်းခိုငှက်များ၏ အလောတကြီး ပျံသန်းမှုမျိုးနှင့် ကျွန်ုပ်အား မျှားတစ်စင်းအဖြစ် သူမဆီသို့ပစ်ခွင်းတော်မူပါ။ တစ်ချို့ကတော့ အိုင်းရစ်နတ်ဘုရားမ၏ ရွှေအိုးများ မြုပ်နှံရာအရပ်သည် သက်တန့်များ၏ အဆုံးတွင်ရှိသည်ဟု ယုံကြည်ကြသည်။ သက်တန့်ဆီသို့ နီးကပ်ရန်ကြိုးစားလိုက်တိုင်း သက်တန့်များရဲ့ အဝေးကို ရောက်သွားကြ သည်ဟုစာဆိုများက ဆိုကြပြန်သည်။
ကျမ်းစာများထဲတွင် နိုအာရဲ့ ရေကြီးမှု (Noah’s Flood) အပြီးတွင် ဘုရားသခင် သည် နောက်တစ်ကြိမ်ထပ်မဖြစ်ရန် သက်တန့်များနှင့် ဂတိပေးတော်မူသည်ဟုဆိုသည်။ (ကမ္ဘာဦးကျမ်း ၉.၁၃-၁၅)။(ဘုရားသခင်သည်လည်း ဂတိတည်ရန်လိုအပ်ပါသည်။)

အချို့ ကျမ်းများကတော့ သက်တန့်တွေဟာ မြတ်သော မိခင် အိုင်ရှိသာ (Ishter) ရဲ့ လည်ဆွဲဖြစ်တယ်လို့လဲ ဆိုပြန်တယ်။ မဟာရေကြီးခြင်း (Great Flood) ကို ဘယ်တော့မှ မမေ့နိုင်တဲ့ “အိုင်ရှိသာ” ဟာသက်တန့်တွေကို လည်မှာ ဆွဲပြီး ကောင်းကင်ကို ထမ်းပိုးထားလိုက်တာ ယနေ့ထိပါပဲတဲ့။ သက်တန့်တွေကို ဘယ်သူ ပိုင်ဆိုင်ထားပါသနည်း။

။ ။ ။
ကောင်းကင်ပေါ်က သက်တန့်တစ်စင်းကို
ဆုပ်ကိုင်လိုက်တဲ့ အခါ။
ငါ့နှလုံးသားက အပြင်ကို ခုန်ထွက်သွားပေါ့။
ဝေါ့(ဒ)စဝေါ့သ် (Wordsworth)
(၁၈၀၂ ကဗျာများမှ)

ငါ့နှလုံးသားကို ပြန်သိမ်းဆည်းဖို့ အချိန်ရောက်ပြီလေ။ ငါ့ဆီက ဆင်ခြေများနဲ့လွမ်းဆွတ်မှု ကလွဲပြီး အခြားဘာမှ မမျှော်လင့်ပါနဲ့။ သက်တန့်တွေရှိတတ်တဲ့ ကောင်းကင်ကို မော့ကြည့်ဖြစ်ခဲ့တဲ့ အကြိမ်ပေါင်းမနည်းခဲ့သလို ခလုတ်တိုက်လို့ပြိုလဲခဲ့တဲ့ အကြိမ်ပေါင်းလည်း မနည်းတော့။ ဒီအချိန်ဆိုရင်ဟိုတစ်ဖက်ကမ်းက သက်တန့်များ၏ အဆုံးမှာသူမ တစ်ရေးတစ်မော အိပ်စက်နေလောက်ရောပေါ့။ ၁၈၅၆ က ဂျွန် (John) ဆိုတဲ့ ပန်းချီဆရာဟာ မျက်မမြင်ကလေးမ (The Blind Girl) လို့အမည်ပေးထားတဲ့ ပန်းချီကားထဲက သက်တန့်ဟာတင်ရှားတယ်။ ဂျိုးဆက်အင်တွန်ရဲ့ သက်တန့် (Joseph Anton Koch’s Thanks offering)၊ ဟမ်းမန်းလင်း (Hans Memling) ရဲ့ သက်တန့်၊ ကယ်စပါဒေးဗစ် (Casper David Friedrich) ရဲ့ သက်တန့်တို့ဟာလည်း ပန်းချီလောကမှာ ကျော်ကြားတယ်။ သူတို့ဟာ သက်တန့်အစင်းစင်းကို ဘောင်သွင်းပစ်ခဲ့ပြန်တယ်။ သူမရဲ့နဘေးမှာ တစ်နေရာစာအလုံအလောက်ငါ့ကိုပေးပါ။ သင်၏ကောင်းကင်ကို သက်တန့်များအဖြစ် ကျွန်ုပ်ပြောင်းလဲပစ်နိုင်ပါ သည်။ ဂျာမနီ နိုင်ငံရဲ့ ၁၆ ရာစုလူမှုတော်လှန်ရေးများ တွင် သက်တန့်ကို အလံအဖြစ်အသုံးပြုခဲ့ကြသည်။ အီတာလျံလူမျိုးများရဲ့ ငြိမ်းချမ်းရေးသင်္ကေတဟာ သက်တန့်ရောင်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ရေးလှုပ်ရှားမှု ( The Cooperative moment) ရဲ့သင်္ကေတသည်လည်း သက်တန့်ရောင်ပါပဲ။ သူမဟာ သက်တန့်တွေလို ကျွန်ုပ်ထံမှ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။ သက်တန့်တွေကို နောက်တစ်ကြိမ်တွေ့ရဖို့အချိန်ဘယ် လောကစောင့်ရဦးမည်နည်း။ သက်တန့်သည် အကြိမ်ကြိမ်ဖတ်ခွင့်မရှိတဲ့ကဗျာ။ စနေဂြိုဟ်ရဲ့ ဂြိုဟ်ရံလ (Titan) မှာ သက်တန့်အမြောက်အမြားပိုင်ဆိုင်ထားလို့ သက်တန့်တွေကို အလွယ်တကူ ဖန်ဆင်းနိုင်ပါတယ်လို့ ဆိုတယ်။ မမြင်မက်သေးတဲ့ အိမ်မက်ကို စောင့်မျှော်ရသလို သက်တန့်တွေကို မျှော်ရတာ ငါ့မှာတော့ ကောင်းကင်ကို တောင်အားနာမိရဲ့… သတိရခြင်းများကို ငါ့ဆီပို့ပါဦး။ သက်တန့်ကိုစီးပြီး ခဏလေး ဖြစ်ဖြစ် ငေးမောခွင့်ကို ငါလိုတယ်။ ပြီးတော့ နင်ပြုံးတတ်သလိုပဲ ပြုံးလိုက်ပါတော့။

"မီးထပ်ထွန်းလိုက်"

(ဂျာမန် ကဗျာဆရာ ဂိုထေ (Johann Walfgang Von Goethe) မကွယ်လွန်မီ ပြောခဲ့သော နောက်ဆုံးစကား) (၁၈၃၂ - မတ်လ - ၂၂ ရက်)

မီးရောင်ဆိုသည်မျာ တစ်စုံတစ်ခု ကို ရှာဖွေဖို့လုံလောက်သော အကြောင်းပြချက်တော့မဟုတ်ခဲ့။ လိုချင်တာ တွေ မရတတ်တဲ့ ဘ၀မှာ သက်တန့်တွေကို စောင့်ဖမ်းရသည်မှာ မိုက်မဲမှုတစ်ခုပင်ဖြစ်၏။ ကမ္ဘာဦးသက်တန့်တွေလို ဘ၀တစ်ခုလုံးဆေးကြောပစ်မှ “ဒေ၀” ဆီက သက်တန့်ကို ရမယ် ဆိုရင်လည်း ငါရှေ့ကို ခြေတစ်လှမ်းတိုးခဲ့ပါရစေ။ ရေအောက်မှာ မြေရှိနေသရွေ့ ရေကူးတတ်စရာမလိုပါ။ တရုတ်ပြည်မှာ ဆောင်မင်းဆက် (၉၆၀-၁၂၇၉) လက်ထက်က ရှမ်ကူ (Shen Kuo) ဆိုသူဟာ မိုးရွာခြင်းနဲ့ ပတ်သက်ပြီး သက်တန့်တွေရဲ့ ဖြစ်တည်မှုကို ရှင်းပြခဲ့သည်။ သူ့အရင် ဆန်ဆီခေါင် (Sun Sikong) က ရှင်းပြဖို့ ကြိုးစား ခဲ့ပေမယ့် ရှမ်ကူ လောက်လက်တွေ့မကျခဲ့။ အိုင်ဆက် နယူတန် (Isaac Newton) လက်ထက်မှာတော့ တြိဂံ ဖန်တုံးငယ်လေးကို သုံးပြီးရှင်းပြခဲ့ဖူး၏။ တိကျသော အဖြေတော့မဟုတ်ခဲ့ပါ။ နောက်တော့ သောမတ်(စ်)ယမ်း (Thomas Yong) နဲ့ ဂျော့ဘစ်ဒယ်အိုင်ရီ (Gorge Biddle Airy) တို့လက်ထက်တွင် ပို၍ ထိရောက်စွာ ရှင်းပြနိုင်ခဲ့သည်။ ၁၉၂၀ ရောက်မှ ဂတ်စတာတော့မီ ဟာလူအားလုံး လက်ခံတဲ့ သက်တန့်များဖြစ်ပေါ်ပုံကို ရှင်းပြနိုင်ခဲ့သည်။ အံသြစရာကောင်းသည် မှာ ကမ္ဘာဦးကတည်းက ကျွန်ုပ်တို့ရှာဖွေနေသော သက်တန့်၏ အဖြေကို ၁၉၂၀ ရောက်မှသိရခြင်းဖြစ်၏။

အချိန်မရတော့ဘူး
ဒါနဲ့ပဲ ကြည့်နေကြရ။
တစ်ညလုံးအိပ်မရကြတော့။
(သုဇာတာဘတ္တဒ ၏မျောက်အရိပ်များ...မှ)

သက်တန့်များကြောင့် အိပ်ရေးပျက်ခဲ့တာလည်းမနည်းတော့။ တစ်ကယ်လို့များ ငါမရှိတော့ရင်ဖြင့် သက်တန့်များကို ငါ့ကိုယ်စား စောင့်ရှောက်ပေးပါ။ သက်တန့်တွေကို တွေ့တိုင်း သတိရပေးပါ။ ငါ့ဝိဥာဉ်ဟာ သင့်ဆီရောက်ဖို့ သက်တန့်တွေနောက် လိုက်သွားပြီကွယ်။ အရောင် ခုနစ်မျိုးနဲ့အတူ လတ်ဆတ်သော မိုးရေစက်များရဲ့ နောက်မှာ ငါတို့ရှိနေပါဦးမည်။ ငါတို့မိုးရွာပြီးရင် အစွမ်းကုန်ပွင့်ဖို့ကြိုးစားရမယ်။ ကောင်းကင်ရဲ့ ထောင့်ချိုးတစ်နေရာမှာ ငါတို့ကို ရှာလှည့်ပါ။ သက်တန့်ဟာ အလင်းမဲ့ညတွေနဲ့ တရားဝင်ကွာရှင်းပြတ်စဲခဲ့ကြ လေပြီ။ ဘုရားသခင်သည် ကျွန်ုပ်အား အဝေးကငေးရမည့် အဖြစ်မျိုးနဲ့ သက်တန့်တွေကို ဖန်ဆင်းတော်မူသည်။
ဂန္တ၀င်ဆန်လွန်းသော သက်တန့်များ၏ အခြားတစ်ဖက်တါက် လက်နဲ့လုပ်တဲ့ ကဗျာ၊ စာကြောင်းများနဲ့ လုပ်တဲ့ “ယူတိုးပီးယား” စကားများနဲ့ တည်ဆောက်ထားတဲ့ ပလေတိုးရဲ့နိုင်ငံ၊ ယူရီစစ်ပွဲဂိမ်းများ နှင့် အမ်မီနမ်ရဲ့ “Please stand up” (ကျေးဇူးပြု၍ မတ်တပ်ရပ်ပေးကြပါ) ရှိကောင်းရှိနေနိုင်ပါသည်။ ကောင်းကင်ပြာပြာရဲ့ နောက်ကွယ်မှာ ဘာတွေရှိမလဲ မသိချင်တော့ပါ။ အမေပြုံးနေပါလိမ့်မည်။ ကောင်းကင် ကိုထမ်းပိုးဖို့ ကျွန်တော် ပြန်လာခဲ့ပါဦးမည်။ အချိန်တွေစောင့်စရာမလိုတော့ပါဘူး။ ကျွန်တော်ကိုယ်တိုင် သက်တန့်တစ်စင်းဖြစ်နေ ခဲ့ပြီ..

ဇော်ဇော်ထွန်း (၂၀၀၉)


ခရမ်းပြာအခင်းအကျင်း (ဆရာ ​ဇော်​​ဇော်​ထွန်း)

ခရမ်းပြာအခင်းအကျင်း (ဆရာဇော်ဇော်ထွန်း)

Replies: 0
By: linsetpaing

Zaw Zaw Htun 2 hrs · ကဗျာခေါင်းစဉ် ကဗျာဖတ်သူအနေနဲ့ ပထမဆုံး ပက်ပင်းတိုးတဲ့ စာကြောင်းဟာ ခေါင်းစဉ်ဖြစ်ပါတယ်။ ဒါရီးရာ(Derrida)လို ဆရာကြီး ကတော့ ခေါင်းစဉ်ဆိုတာ ကတိကဝတ် တစ်မျိုးလို့ ခပ်ပြတ်ပြတ်ပဲ အဓိပ္ပါယ်ဖွင့်ပါတယ်။ “Cliffs Notes on American Poets of 20th Century” လို့ အမည်ရတဲ့ စာအုပ်မှာ “ကဗျာအား ခွဲခြမ်းစိတ်ဖြာခြင်း” (Analyzing Poetry) ဆိုပြီး အဖွင့် စာမျက်နှာကို မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်က အမ်(မ်)အေ (M.A) ယူထားသူ ဆရာမ မာရီအယ်လန် (Mary Ellen Snodgrass) ရဲ့ ခေါင်းစဉ် (Title of Poem) နဲ့ ပတ်သက်ပြီး အကြံပြုထားတာလေး ရှိပါတယ်။ ကဗျာခေါင်းစဉ်မှာ သတိထားရမယ့် အချက်တွေပါ။ (၁) “Is the title’s meaning obvious?” လို့ မေးပါတယ်။ သီးသန့်မြင်ကွင်း တည်ဆောက်မှုမျိုးနဲ့ သီးခြားလှုပ်ရှား လုပ်ဆောင်မှုတွေ ပါဝင်တဲ့ ခေါင်းစဉ်မျိုး ဖြစ်နေပါသလားပေါ့။ သီးသန့် အဓိပ္ပါယ်မျိုးရှိလားလို့ ဆိုတယ်။ ဥပမာ- ဂျိမ်း(စ်)ရိုက်(ထ်) (James Wright) ရဲ့ မွေးရပ်မြို့မှာ ဘောလုံးပွဲကြည့်ရင်း မတူညီကွဲပြားတဲ့ လူတွေအကြောင်းကို ဇာတ်ပြောသူနေရာက ပြောပြတဲ့ကဗျာ “Autumn Begins in Martins Ferry, Ohio” လိုမျိုးပေါ့။ ဒီနေရာမှာ ဖတ်သူအနေနဲ့သိရမှာက ရိုက်(ထ်)ရဲ့ မြို့လေးနာမည်ပါပဲ။ အဲဒါခေါင်းစဉ်ပါ။ ဒါပေမယ့် ကဗျာဆရာဟာ အဲဒီလို ခေါင်းစဉ်ဆိုတဲ့ အဖွင့်စာကြောင်းနဲ့ တိကျတဲ့ သတင်းကို ဖတ်သူဘက်ကို ပေးခဲ့တယ်။ ခရမ်းပြာအခင်းအကျင်း ...

Replies: 0 By: Auro ra Zaw Zaw Htun 2 hrs · ၂။ (၂) “Does it strike a balance?” ဆိုတာ နှစ်ပိုင်းမျှမျှတတ ရှိသလားပေါ့။ တခြားမဟုတ်ပါဘူး။ ရစ်တာဒို့(ဗ်) (Rita Dove) ရေးတဲ့ ဘော်လျနဲ့သောမတ်(စ်) (Beulah and Thomas) ဆိုတဲ့ ကဗျာစာအုပ်နာမည်လိုလားလို့ မေးတာပါ။ ဒီတော့ ကဗျာခေါင်းစဉ်ကို ဒီလိုပုံစံမျိုး ပေးလေ့မရှိတဲ့ ဆရာခရမ်းပြာထက်လူ ကဗျာအတွက် ဒီအချက်က သိပ်တော့ စိုးရိမ်စရာမရှိ။ ဒီဆရာခရမ်းပြာထက်လူက လူပုဂ္ဂိုလ်ကဗျာမျိုးတွေကတော့ ရေးတတ်ပါရဲ့။ ဒါပေမယ့် နှစ်ယောက်တွဲတော့မရေး။ (၃) “Does it imply multiple possibilities?” လို့ ခေါင်းစဉ်နဲ့ပတ်သက်ပြီး မာရီ ထပ်မေးတယ်။ “အဓိပ္ပါယ် အခြားတစ်ခုကို ထပ်ပေးချင်တဲ့ (ဝါ) ပါဝင်တဲ့ ခေါင်းစဉ်မျိုးလား” ပေါ့။ ဂျင်း(န်)တွန်မာ (Jean Toomer) ရေးတဲ့ ဂျော်ဂျီယာမှောင်စပြုချိန် (Georgia Dusk) လိုမျိုးလားဆိုတာ သတိထားပါဦးလို့ ဆိုတယ်။ ဒီတစ်ချက်ကတော့ ဖြစ်နိုင်ခြေရှိတဲ့ တစ်ချက်ပါ။ တွန်မာရဲ့ကဗျာကတော့ မက်ဒီတေးတစ်(ဗ်) အမျိုးအစားဖြစ်ပြီး ခရမ်းပြာထက်လူရဲ့ စိတ်ကြိုက်ဖွဲ့စည်းပုံတော့ မဟုတ်။ (၄) ဆရာ့ရဲ့ ခေါင်းစဉ်ရွေးချယ်မှု (ဝါ) အမည်ပေးမှု ကို ဦးစွာ လေ့လာပါတယ်။ သိပ်မဝေးသေးတဲ့ကာလမှာ ထွက်ထားတဲ့ ခရမ်းပြာ၉၉ (ခရမ်းပြာထက်လူ ၉၉၊ (နှင်းဆီဖြူဖြန့်ချိရေးလုပ်ခါနီး) ရဲ့ ကဗျာ ခေါင်းစဉ် ၉၉ ပုဒ်ကို ကျွန်တော် လေ့လာသည့်အခါတွင် ခေါင်းစဉ်ကို ဝါကျငြိမ် (fix sentence) ထားပြီး စဉ်ဆက်ရေးရသော “serial title” ကိုတွေ့ရသည်။ နောက်တစ်ဖန် ကဗျာဆရာ၏ ခေါင်းစဉ်ရွေးချယ်မှုတွင် ရှင်းလင်းသော ခေါင်းစဉ်များကို ပေးလေ့ရှိသည်။ အထိတ်တလန့်ဖြစ်စေသည့် ရစ်တာဒို့(ဗ်) (Rita Dove) ရဲ့ နာမည်ကြီး ခေါင်းစဉ်ဖြစ်တဲ့ ဘော်လျနဲ့သောမတ်(စ်) (Beulah and Thomas) လို တစ်ခု လိုအပ်ချက်တစ်ခုဖြစ်သော (strike a balance) မျိုး လေးယောက်တစ်တွဲ ရေးထားသော ကဗျာခေါင်းစဉ်လေး တစ်ခုတော့ ရှိပါသည်။ နှစ်ပိုင်းဟာ“ဘွန်ဂျိုဗီ စန္ဒီမာလာလာ မဝင်းမော်ဦး” ဟူသော ကဗျာတစ်ပုဒ်သာ ခရမ်းပြာထက်လူ ၉၉ တွင် တွေ့ရသည်။ ကဗျာဆရာက များသောအားဖြင့် သူ့ခေါင်းစဉ်ကိုသူ ပီသချင်သူပင် ဖြစ်ရမည်။ ခရမ်းပြာအခင်းအကျင်း....မှ

Zaw Zaw Htun 2 hrs · ၃။ (၅) ကျမ်းစာ၊ နိမိတ်၊ ဘာသာသာသနာ တဘောင်များနှင့် အများလက်ခံထားသော အရာအား ငြင်းဆန်ခြင်းနှင့် ဒုတိယအခြေအနေတစ်ခုကို ရဲရင့်စွာ တင်ပြ(ဝါ) ရွေးချယ်ခွင့်ပေး (သို့မဟုတ်) ရွေးချယ်ခွင့်တောင်းသော အထူးထင်ရှားသည့် အငြင်း (An obvious antithesis) ခေါင်းစဉ် မတွေ့ရပေ။ ဥပမာ ရောဘတ်ထရော့(ထ်) ရဲ့ မီးနှင့်ရေခဲ (Fire and Ice) ကဲ့သို့လား ကြည့်ဖို့လိုပါတယ်။ ခေါင်းစဉ်ဟာ သမိုင်းဝင် ကျန်နေခဲ့သော နေရာ ဖြစ်ပါသလား။ သူပြောချင်တာက “Historical significance” ကိုပါ။ ရောဘတ်လောဝ် (Robert Lowells) ရဲ့ ပေါက်ခဲ့တဲ့ ကဗျာလေး “The Quaker Graweyard in Nantucket” လို ဖြစ်မှာလား။ ရှားရှားပါးပါး တွေ့ရတာကတော့ ဒီပဲယင်း နှင့် မိတ္ထီလာပင် ဖြစ်သည်။ ထိုမြို့နှစ်မြို့သည် တကယ်တော့ ကျမ်းစာပေါ်မှမြို့များမဟုတ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာကတော့ ကဗျာဆရာရဲ့ ခေါငထိုမြို့နှစ်မြို့သညိုးရှင်းလွန်းလှသည်ကို အထင်အရှားတွေ့နိုင်ပါသည်။ ယခုကဗျာသည်လည်း ဘတ်စ်ကားပေါ်မှာရှိသည်။ ကဗျာသည် ယေဘုယျ လိင်စိတ်ဖြင့် ကိုယ်ထိလက်ရောက် ကျူးလွန်သော “Molest” ပင်ဖြစ်သည်။ ဒါက ထင်ရှား အဓိပ္ပါယ် (obvious meaning) ပင်ဖြစ်တယ်။ ထို့နောက် သူမကြုံးဝါးတယ်။ ဒီတော့ ပြည့်ဝစာသား (context) အတွက် ကျွန်တော်တို့ ကဗျာနှင့် ကဗျာရေးသူတို့ရဲ့ ဆက်စပ်ဝန်းကျင်ကိုလည်း လေ့လာရပါမယ်။ ခရမ်းပြာအခင်းအကျင်း...

Replies: 0 By: Auro ra Zaw Zaw Htun 1 hr · Edited · ငြိမ်ငြိမ်နေပါ၊ ဒါမိုးရွာနေတာမဟုတ်ဘူး၊ ဒါ တိမ်တွေတင်ပါ။ (နိုင်ဇော်၊ မမြင့်ခိုင်၏ “စကျင်ကျောက်နံရံအိပ်မက်” မှ) ဘတ်(စ်)ကားပေါ်မှာ နေ့စဉ် သူမတွေ့မြင်နေကျ ယောက်ျားတွေက အဓိက နှစ်မျိုးနှစ်စားသာ။ တစ်မျိုးက သူတော်စင်ရူးရူးနေတဲ့သူဖြစ်ပြီး နောက်တစ်မျိုးကတော့ သူတော်စင်ယောင် ဆောင်ထားသူများဖြစ်တယ်။ သိပ်ကံမကောင်းတဲ့ နေ့တွေမှာတော့ တစ်ပါးသီလကို အလွယ်တကူ ချိုးဖောက်သူ လူတန်းစားတစ်မျိုးကို ရင်ဆိုင်ရပါလေရော။ ချွေးနံ့ပျော့ပျော့များ၊ ချွေးနံ့ပြင်းပြင်းများ၊ ညှီစို့စို့ငါးနံ့များ၊ အပေါစားရေမွှေးနှင့် ပြည်တွင်းဖြစ် မျက်နှာချေအတုထံမှ ရောပြွမ်းထွက်လာတဲ့ ရနံ့တစ်မျိုး၊ ယိုးဒယားတစ်ခါသုံးခေါင်းလျှော်ရည်နှင့် အိန္ဒိယအမျိုးသမီးတစ်ဦး ဆီက အုန်းဆီနှင့် စံပယ်ပန်းတို့ရောစပ်ထားတဲ့ရနံ့၊ ကွမ်းယာနဲ့လတ်လတ်ဆတ်ဆတ်ချွေးနံ့တို့ ရောစပ်ထားတဲ့ရနံ့၊ စူးရှရှအရက်ဖြူနံ့၊ မလတ်ဆတ်တဲ့ခွက်ဆွဲဘီယာနံ့ အားလုံးသည် သံစုံတီးဝိုင်းကြီးထဲက တယောသံတစ်လက်စီလို၊ ဘုန်းကြီးကျောင်းနံရံထက်ရှိ တိုင်ကပ်နာရီမှ ခွေးသွားစိတ်တစ်ခုစီလို ဟောဒီခေတ်ကြီးကို ကိုယ်စီချီမပြီး ဘတ်(စ်)ကားတွေထဲ ပြွတ်သိပ်တင်ဆောင်ကြတယ်။ သူမတို့အားလုံးလိုလို မြို့လယ် အေမာနွေလဘုရားကျောင်းရှေ့ကို စလွန်းကားဖြင့် တစ်ခါမျှ ဖြတ်သွားဖြတ်လာပင် မလုပ်ခဲ့ဖူးသူများ ဖြစ်တယ်။ စံပယ်ပန်းကုံးရောင်းသံများ၊ လက်ပွေ့ဂျာနယ်ရောင်းသံများ၊ စပယ်ယာအော်ခေါ်နေသံများ၊ ကွမ်းတံတွေးကို ကတ္တရာလမ်းပေါ် ပြစ်ခနဲ ထွေးလိုက်သံများ။ ထမင်းဖိုးလေး သနားပါဆိုတဲ့ အသက်မပါတဲ့အသံများ။ “ရှင်နည်းနည်း ခွာရပ်ပေးပါ။” ဘတ်(စ်)ကားတွေ ရှုပ်ထွေးလှတဲ့ ဝါယာကြိုးတွေထဲကို မောင်းနှင်နေကြတယ် အဖြစ်အပျက်နှင့် ရနံ့များ . . . နောက် အသံများက နေ့စဉ်ပြောင်းနေတာမျိုးမဟုတ်။ ရှင်နည်းနည်းဖြစ်ဖြစ် ခွာရပ်ပေးစမ်းပါ။ ဒါဟာ အသေးစား မုဒိမ်းမှုတစ်မျိုးပါ။ ရှင်နည်းနည်း ခွာရပ်ပေးစမ်းပါ။ ခရမ်းပြာအခင်းအကျင်း...

....
Zaw Zaw Htun
6 hrs ·
More options
အမျိုးအစားဟာ ပုံသဏ္ဍာန်ဖြစ်ရမယ်လို့ တစ်ထစ်ချမှတ်ယူလို့ မရပါဘူး။ ဥပမာ၊ အချစ်ကဗျာ၊ ကဗျာတို/ရှည် စသည်ဖြင့်ပေါ့လေ။ တစ်ခါတရံလည်း အမျိုးအစားနဲ့ပုံသဏ္ဍာန် သွားတူပါတယ်။ ဆိုလိုတာက ဒီနေရာမယ် အမျိုးအစားလား၊ ပုံစံလား ကွဲပြားဖို့ လိုပါတယ်။
ဥပမာဆိုပါစို့။ စနိုးဘော(တြိဂံပုံ) ဆိုရင် ပုံစံပဲဖြစ်တယ်။ အမျိုးအစားက အမြင်ကဗျာ (visual poetry) ဖြစ်ပါတယ်။ ဖွင့်ဟဝန်ခံကဗျာ (ကွန်ဖက်ရှင်နယ်ကဗျာ)ကတော့ အမျိုးအစားသာ ဖြစ်ပါတယ်။ ဒါကိုပဲ ကွဲပြားစေချင်တာပါ။ ဒီတော့ ကဗျာအမျိုးအစားပေါင်းများစွာ၊ ကဗျာများစွာ၊ ကဗျာဆရာပေါင်းများစွာ ရှိကြတော့ ကဗျာဧရိယာဟာလည်း အရင်ကထက် ပိုကျယ်ဝန်းလာပါတယ်။ ဒါပေမယ့်

ကျွန်တော့်အတွက်တော့ ကဗျာသုံးမျိုးပဲ ရှိပါတယ်။ အဲဒါတွေကတော့
၁။ ကောင်းတဲ့ကဗျာ (ကျွန်တော်ကိုယ်တိုင်လည်းကြိုက်ပြီး အများကလည်းကြိုက်တဲ့ကဗျာ)
၂။ ကျွန်တော့်အားမလှုပ်ခတ်သောကဗျာ
၃။ ပြောစရာရှိတဲ့ကဗျာ

ခရမ်းပြာအခင်းအကျင်း...မှ

Zaw Zaw Htun
1 hr · Edited ·
အခု ကျွန်တော်ရွေးထားတဲ့ ခရမ်းပြာထက်လူရဲ့ ကဗျာဟာ ဆုရကဗျာတစ်ပုဒ်ပါ။ ဒါပေမယ့် ခရမ်းပြာထက်လူရဲ့ အကောင်းဆုံး မဟုတ်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်စတွေ့လို့ ဖတ်ပြီးတဲ့အခါ ပြောစရာတွေ အများကြီးရှိနေပါတယ် လို့ သိလိုက်ရပါတယ်။ ဒီတော့ ကျွန်တော် ဒီကဗျာကို ခွဲခြမ်းစိတ်ဖြာဖို့ပစ်လွှတ်ခဲ့သည် ဆုံးဖြတ်လိုက်ပါတယ်။ခရမ်းပြာထက်လူအမှာစာထဲကလိုပေါ့....

လေထဲသို့ ကျွန်ုပ်မြားတစ်စင်း
ကမ္ဘာမြေပေါ်သို့ ပြန်ကျလာခဲ့ရာ၊ ဘယ်နေရာမှန်းကျွန်ုပ်မသိပါ။ (ဟင်နရီဝေါ့(ဒ်)စဝေါ့(သ်)လောင်းဖဲလိုး)

အဲဒီလောင်းဖဲလိုးရဲ့ ကဗျာတစ်စလို ကျွန်တော့ကဗျာတချို့
ကမ္ဘာမြေကြီးရဲ့ တစ်နေရာရာပေါ်ကိုတော့ ပြန်ကျခဲ့မှာ အသေအချာပါပဲ
နတ်ဆိုးတစ်ကောင်ရဲ့ နားထင်တည့်တည့် ဒါမှမဟုတ်
နောက်ဆုံးလက်ကျန် လူတစ်ယောက်အတွက် ချောက်ကမ်းပါးတစ်ခုပေါ်ကို
တံတားတစ်စင်းအဖြစ်နဲ့. . . . .။

(ခရမ်းပြာထက်လကျွန်တော်ရှာဖွေဖို့
၁/ ၁၁/ ၂၀၁၃)

(၂)
သူပစ်လိုက်တဲ့မြားကို အခုတော့ မလိုတော့ဘူးလို့ ကျွန်တော်ပြောလိုက်တယ်။ အဲဒီမြား ကျွန်တော့်ကိုလာမှန်တယ်။ တိတိကျကျပြောရရင် ကျွန်တော့်ရဲ့ နားထင်တည့်တည့်ကို လာမှန်ခဲ့တယ်။ ပြီးတော့ အမှန်တရားကို ကဗျာနဲ့တွဲပြီးစားသုံးကြတဲ့ လူတွေကို ဖောက်ထွင်းပြီး ကျွန်တော့်နားထင်ကို လာမှန်တယ် ဆိုပါတော့။ အဲဒီမြားကို ခုထိ ဆွဲမနှုတ်ဖြစ်ခဲ့။ အမှန်တရားဘက်တော်သားတွေဟာလည်း ဒဏ်ရာတွေကိုယ်စီနဲ့။

ခရမ်းပြာအခင်းအကျင်း..

Main Menu
Zaw Zaw Htun
6 hrs ·
More options
ပိုသော လျော့သော တင်စားချက်များ (Overstatement and Understatement)

(၆.၃.၁) ပိုသောတင်စားချက် (Overstatement)
အလွန်အမင်း/မဖြစ်နိုင်သည်ကို တင်စားပြောဆိုသည်။ နောက်ထပ် အခေါ်အဝေါ်တစ်မျိုးက “Hyperbole” ဖြစ်သည်။ ယခု “ဘတ်စ်ကားပေါ်မှာ” ကဗျာတွင် ဆရာခရမ်းပြာထက်လူက ဘတ်စ်ကားပေါ်က အမျိုးသမီး၏ ဒေါသကို တင်ပြရာတွင် ပိုသောတင်စားချက် တချို့ကို အသုံးပြုသွားသည်။ ဂရိအခေါ်အဝေါ်အားဖြင့် “overshooting” ဟုခေါ်သည်။
(ကျွန်မကို မီးပုံရှို့ကြည့်/ ကမ္ဘာကြီး ထိန်လင်းသွားလိမ့်မယ်) (၃၉) (၄၀)
အထက်ပါစာကြောင်းသည် “overstatement” ဖြစ်သည်။ ထို့အတူ “Hyperbole” သည် “Hyperbole” သည် အလွန်အကျူး တင်စားခြင်းကို ခေါ်ဆိုသည်။ ထိုအခါ မည်သို့ အလွန်အကျူး တင်စားသနည်း ဆိုသည်က အဓိကကျလာပါသည်။ မည်သို့မျှ မဖြစ်နိုင်သော ကိစ္စကို အလွန်အကျူး တင်စားပါက Hyperbole တွင် နောက်ထပ် အသွင်ကွဲတစ်မျိုး ဖြစ်သွားသည်။ ထိုအရာကို “Adynaton” ဟု ခေါ်သည်။ အမှန်စင်စစ်တွင် “Hyperbole” ရော “Adynaton” ပါ ပိုသာသော တင်စားမှု (ဝါ) မဖြစ်နိုင်သော တင်စားမှုကို ညွှန်းသော “exaggeration” ပင်ဖြစ်သည်။

ခရမ်းပြာအခင်းအကျင်း...မှ

Zaw Zaw Htun
1 hr · Edited ·
မဖြစ်နိုင်သော ဒီဂရီသည် လုံးဝဖြစ်နိုင်စွမ်းမရှိသော အဆုံးစွန် ညွှန်းဆိုမှုကိုသာ “Adynaton” ဟု ကျွန်တော်တို့ သတ်မှတ်ကြသည်။ လက်တွေ့အမှန်တရားနှင့် လုံးဝဖြစ်နိုင်စွမ်းကင်းသော (which is completely impossible to happen in reality) ဟု ဆိုသည်။ အင်ဒရူးမာဗယ်(လ်) (Andrew Marvell) က သူ့ရဲ့ နာမည်ကြီး “To His Coy Mistress” (သူ၏ရှက်ရွံ့သောအမျိုးသမီးသို့) မှာ သုံးသွားသည်။

ဟောဒီရှက်ရွံ့မှု၊ မိန်းမပျို၊ မှာ ရာဇဝတ်မှု မရှိခဲ့
ငါတို့ထိုင်ကြမယ်၊ ပြီးရင် စဉ်းစားကြမယ် ဘယ်လမ်းကို
ငါတို့ရဲ့ ရှည်လျားတဲ့ ချစ်သူရက်စွဲကို ဖြတ်ကျော်ပြီး လျှောက်လှမ်းဖို့

(အင်ဒရူးမာဗယ်(လ်)၏ “To His Coy Mistress” မှ)

ဒီနေရာမှာတော့ အင်ဒရူးရဲ့ ဟောဒီရှက်ရွံ့မှုမှာ ရာဇဝတ်မှုမရှိခဲ့ (ရာဇဝတ်မသင့်ခဲ့) လို့ ရေးထားခဲ့ရာ မည်သည့် ဥပဒေပညာရှင်မျှ အရူးထ၍ “ရှက်ရွံ့မှုသည် ရာဇဝတ်မည်၏” ဟု သတ်မှတ်မသွား။ ရှက်ရွံ့မှုအား ရာဇဝတ်မြောက်လောက်သည် အထိကို အလွန်အမင်း ဖော်ပြခဲ့သောကြောင့် ထို မက်တာဖော ကို “Adynation” ဟု သတ်မှတ်ခဲ့သည်။ အော်ဒင် (W.H.Auden)၏ ကဗျာတစ်ပုဒ်ဖြစ်သော “တစ်ညနေခင်း၌ လမ်းလျှောက်ထွက်ခဲ့သလို” (As I Walked Out One Evening) ဟူသော ကဗျာလေးကို ကြည့်ပါ။

I’ll love you, dear, I’ll love you
Till China and Africa meet
And the river jumps over the mountain
And the salmon sing in the street

ကိုယ်မင်းကို ချစ်မယ်၊ အချစ်လေးရေ၊ ကိုယ်မင်းကိုချစ်မယ်ကွယ့်
တရုတ်ပြည်ကြီးနဲ့ အာဖရိကတို့ တွေ့ဆုံသွားတဲ့ အထိတိုင်
ပြီးတော့ ဒီတောင်ကို မြစ်ကြီး ဖုံးသွားတဲ့အထိ
ပြီးတော့ ဒီလမ်းထဲ ဆယ်(လ်)မွန်ငါးက တေးသီကျူးတဲ့အထိပေါ့ကွယ်

တော်ရုံအပျိုဖျန်းလေး လဲကျကြေမွသွားသည် အထိကို ဆရာကြီးအော်ဒင်က “Adynaton” သုံး၍ ဖွဲ့သည်။ သူဖွဲ့သွားသော “Adynaton” ဟူသည့် မဖြစ်နိုင်သော တင်စားမှုသည် အဖွဲ့မတတ်ပါက “ရွှီးနေသည်” ဟု ထင်ရမည့် ရေးဟန်ဖြစ်သည်။ သို့သော် ဆရာကြီး အော်ဒင်က အပြိုင်တည်ဆောက်မှု “Parallelism” ကို သုံးပြီး ရေးသွားသည်။ မဖြစ်နိုင်သော အရာသည် စာမျက်နှာပေါ်တွင် အဖွဲ့အနွဲ့ဖြစ်လာသည်။

ခရမ်းပြာအခင်းအကျင်း.

Zaw Zaw Htun
1 hr ·
(၆.၃.၂) လျော့သောတင်စားချက် (Understatement)
(မျက်လုံးနဲ့ . . . . . လည်လိမ်ချိုးမလို့ . . . ) (၁၃) (၁၄) (၁၅)
(စိတ်ကူးနဲ့/ ကားဘီးတွေအောက် ပစ်ထည့်မလို့) (၁၆) (၁၇) (၁၈) (၁၉)

တို့သည် လျော့သောတင်စားချက် “Understatement” များ ဖြစ်သည်။ ဂရိအခေါ်အဝေါ်မှာ “meiosis” ဖြစ်သည်။ အဖြစ်မှန်ထက် အရေးကြီးမှု/ ဖြစ်မှုများစွာ လျော့ပါးစွာ ပြောဆိုတင်စားထားသည်။ (Represents something as very muchless in magnitude or importance than it really is) ဟု အဓိပ္ပါယ်ဖွင့်သည်။ “Understatement” တွင် အခြား အသွင်ကွဲတစ်မျိုး ရှိပါသည်။ ဂရိအခေါ်အဝေါ်အားဖြင့် “plain” ဖြစ်၍ “simple” အရှင်းအလင်း ဟု ခေါ်ကြသည်။ “litotes” ဟုလည်း ခေါ်ကြသည်။ “အနှုတ်သဘော” “အငြင်းသဘော” ဖြင့် မူလ အနေအထားကို လျော့ပါးအောင် ပြုလုပ်သည်။ သူကတော့ “an affirmative by negating its contrary” လို့ ရေးသည်။ ဥပမာအားဖြင့် “သူကအသုံးမကျတဲ့ကောင်” (He is stupid) ကို “ဒီကောင်ကတော့ ကမ္ဘာပေါ်မှာ ဥာဏ်အကောင်းဆုံးကောင်မဟုတ်” (He is not the brightest in the world) လို့ ဆန့်ကျင်ဘက် ရေးသည်။
ဒါက ပြောင်းပြန်စကားအသုံး “Irony” ၏ အသွင်ကွဲတစ်မျိုးလည်း ဖြစ်ပါသည်။ ယခုကဗျာတွင် ဆရာခရမ်းပြာထက်လူက ဝါကျသုံးကြောင်းအသွင်ဖြင့် “litotes” ကို ခင်းကျင်းသည်။ ဒါကတော့ ဆရာ၏ “ငြိမ်သက်ခြင်း” ဟူသော အခြေအနေကို ဆန့်ကျင်လိုသောအရေး ….ဟူသော ဇောက်ထိုး စကားအသုံး ဖြစ်သည်။

ကမၻာႀကီးက မၿငိမ္ဘူး (၅)
ဘတ္စ္ကားတစ္စီးက မၿငိမ္ဘူး (၆)
. . . မၿငိမ္ဘူး (၁၁)

ဒီအသုံးမျိုးဟာ ရှေးအင်္ဂလိပ် တွေဖြစ်တဲ့ “အင်ဂလိုဆက်ဇုံ” (Anglo-Saxon)စာပေနှင့် ကဗျာများထဲတွင် မကြာခဏ အသုံးပြုလေ့ရှိသည်။ “Bewulf” တွင် Hrothgar က သတ္တဝါကောင်ကြီး “Grendel” ၏ အိမ်ကြီးအကြောင်း ပြော၍ “This is not a pleasant place” (ဒီနေရာက သာယာတဲ့နေရာတော့ မဟုတ်ဘူး) ဟူ၍ “litotes” အသုံးကို တန်း၍သုံးသည်ဟု “M.H. Abrams Geoffery Galt Harpham” က သူ့ရဲ့ စာပေဝေါဟာရ ပေါင်းချုပ်ဒဿမတည်းမူ တွင် ဖော်ပြသည်။ ငြိမ်သက်ခြင်းဟူသော အဓိပ္ပါယ်ကို ဆန့်ကျင်ပစ်ခြင်းဖြင့် အငြင်းဝါကျကို တည်ဆောက်ရာတွင် “မငြိမ်မသက်ဖြစ်ခြင်း” ကို ပို၍ ပေါ်လွင်လာစေသည်

Zaw Zaw Htun
1 hr · Edited ·
အဆုံးသတ်နှင့် အထွတ်အထိပ် (ကြေကွဲဝမ်းနည်းမှု) “Riognancy and Climax”

ကျွန်တော်တို့ ကဗျာအထွပ်အထိပ်ကို သွားရအောင်ပါ။ ကဗျာဆရာ တည်ထားတဲ့ ခေါင်းစဉ်ဟာ ကဗျာအသိမ်းအပိုဒ်အထိ လိုက်မလာပါဘူး။ ဘတ်စ်ကားတစ်စီးပေါ်မှာ ဖြစ်တဲ့ အဖြစ်အပျက်ကလေးဟု ကျွန်တော်တို့ သတ်မှတ်လိုက်ပါက မကျေမချမ်းရေရွတ်သံနှင့် အဆုံးသတ်သွားပါမည်။ သို့သော် အခြားရည်ရွယ်ရင်းတစ်ခု ဆိုလျှင် စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်သလို သတိပေးစကားတစ်ခုလည်း ဖြစ်နိုင်ပါသည်။ ဖဲချပ်များစွာ ရှေ့မှာချပြီး ရှေ့ဖြစ်ဟောဆရာမ တစ်ယောက်ဖြစ်ပါက အဆုံးသတ်အပိုဒ်သည် ရှေ့လူမျက်ဝန်းကို ဆုပ်ကိုင်ပြောမည့် ကောက်ချက်ချ စကားတစ်ခု ဖြစ်ချင်ဖြစ်သွား ပါလိမ့်မည်။ ကဗျာကိုသိမ်းလိုက်ပါပြီ။ အသိမ်းဟာ တကယ်စဉ်းစားမှုကို သယ်ဆောင်လာပါသလား။ ကဗျာ ဆုံးသွားမှ အစပိုဒ်ကို တက်ဖတ်ရမည့် အလုပ်တစ်ခုများ တိုးလာမလား။ ရစ်ချတ်ဂင်း(လ်) (Richard Gill) ဟူသော ပညာရှင်ကမူ အဆုံးသတ်များနှင့် ပတ်သက်၍ အင်္ဂလိပ်အထင်ကရ ကဗျာဆရာကြီး ဖီးလစ်(ပ်)လာကင်ကို ညွှန်းပါသည်။ ခင်ဗျားက ကဗျာအဆုံးသတ်တွေကနေ စချင်တယ်ဆိုရင် လာကင်ကဗျာတွေက အကောင်းဆုံး သက်သေပါပဲ။
လာကင်ဟာ ကဗျာကို သိမ်းတဲ့အခါ ပုံရိပ်တွေကို ရိုက်ခတ်ပြီး ကဗျာဖတ်သူ တသသဖြစ်အောင် သိမ်းလေ့ရှိတယ် လို့ ရစ်ချတ်(ဒ်)ဘေး(လ်)က ဆိုပါတယ်။ ကဗျာအသိမ်းကိုပဲ ဇာတ်အထွဋ်အထိပ် (climax)လို့ ခေါ်သလို ထိခိုက်ခံစားမှု (Poignancy) လို့လည်း ခေါ်ပါတယ်။ ကဗျာဆရာ ခရမ်းပြာထက်လူရဲ့ ဘတ်(စ်)ကားပေါ်မှာ ကဗျာအသိမ်းဟာ အမျိုးသမီးရဲ့ အသက်ကို အလောင်းအထပ်လုပ်တဲ့ ကြေညာမှုပါပဲ။ ဒါဟာ ချိုမြိန်တဲ့ကိစ္စမဟုတ်ပါဘူး။ ခါးသက်မှုဖြစ်လို့ ကဗျာတစ်ပုဒ်လုံးနဲ့ယှဉ်ရင် ကြေကွဲခံစားစရာ “Poignancy” ဖြစ်တယ်လို့ ဆိုရပါမယ်။ ။

ခရမ်းပြာအခင်းအကျင်း...

Main Menu
Zaw Zaw Htun
6 hrs ·
More options
ကမ္ဘာကြီးက လူသားများအတွက် လုံလောက်စွာပင် ကျယ်ဝန်းပါသည်။ လေယာဉ်ပျောက်ကို ပြန်ရှာမရခဲ့။ ကမ္ဘာကြီးက လုံလောက်စွာပင် မငြိမ်မသက် ဖြစ်နေပါသည်။ ရံဖန်ရံခါ ဒေါသထွက်နေသော လူအုပ်ကြီး ပေါ်လာတတ်သည်။ ကမ္ဘာကြီးသည် မငြိမ်မသက်ဖြစ်လျှက် ရှိပါသည်။ ဒါကို လူတိုင်းသိပါသည်။ သမ္မတကြီးသိသည်။ ခရမ်းပြာထက်လူသိသည်။ ကုလအတွင်းရေးမှူး ဘန်ကီမွန်းလည်း သိသည်။ မေမြတ်နိုးလည်း သိသည်။ ထို့အတူ နိုင်ငံတိုင်းကလည်း တစ်နည်းမဟုတ်တစ်နည်း မငြိမ်မသက် ဖြစ်နေသည်။ ဘာသာရေး ထိပ်တိုက်ပဋိပက္ခများ၊ အကြမ်းဖက်မှုများ၊ အာဏာသိမ်းမှုများ၊ လေးကောင်ဂျင်ဝိုင်းမှမစ လမ်းကြိုလမ်းကြား အနှိပ်ခန်းများအထိ မငြိမ်သက်။ ရံဖန်ရံခါ ဒေါသထွက်နေသော လူအုပ်ကြီး ပေါ်လာပါသည်။ ထိုမငြိမ်မသက်မှုများတွင် ကျွန်တော်တို့ နေသားကျ၍ပင် ရှိသည်။ ကမ္ဘာက မငြိမ်သောကြောင့် ကမ္ဘာကြီးထဲရှိ နိုင်ငံများက မငြိမ်သက်။ ဘတ်စ်ကားများလည်း မငြိမ်သက်ပါ။ သူမ သိပါသည်။ ခရမ်းပြာထက်လူလည်း သိပါသည်။ ထို့ကြောင့် အောက်ပါစာကြောင်းများ မငြိမ်သက်စွာ ပေါ်ထွက်လာရသည်။

ကမ႓ာၾကၤးကမျငိမ္ဘူး.....(၅)
ဘတ္စ္ကားတစီးကမျငိမ္ဘူး.....(၆)

ခရမ်းပြာအခင်းအကျင်း....မှ

Zaw Zaw Htun
1 hr ·
အနောက်တိုင်း လင်္ကာရတွင် လှုပ်ရှားမှုနှင့် ပတ်သက်၍ အသုံးအနှုံး (ဝါ) အဓိပ္ပါယ်သတ်မှတ်ချက် မျိုးကွဲတစ်ခု ရှိပါသည်။ ကင်နက်တစ်(ခ်) (Kinetic) ဟု သိပ္ပံဘာသာ သင်ကြားဖူးသော သူများက ရွေ့လျားမှုကို ဆိုလိုကြောင်း သဘောပေါက်ကြပါလိမ့်မည်။ ကင်နက်တစ်(ခ်)စွမ်းအင်ကို ကျွန်တော်တို့ ကျောင်းသားဘဝ၌ အရွေ့စွမ်းအင် ဟု ခေါ်ဝေါ်သုံးစွဲခဲ့သည်။ အာရုံကို ထင်ဟပ်စေသော နိမိတ်စကားလုံးကိုမူ ကျွန်တော်တို့က “Imagery” ဟု ခေါ်ပါသည်။ ဖတ်သူ၏ အာရုံကို လာရောက်ပုံဖော်ပေးသော စကားတန်ဆာဆင် အသုံးဖြစ်သည်။

ကျွန်မ ဝါယာတွေထဲ (၂၁)
ရှုပ်ထွေးစွာ တိုးဝင်လို့ (၂၂)
ကျွန်မ သွားနေတယ် (၂၃)

ဤနေရာတွင် ကျွန်တော်ပြောချင်သည်က “ရှုပ်ထွေးစွာတိုးဝင်လို့” ဟူသော အသုံးပင်ဖြစ်သည်။ အနောက်တိုင်း လင်္ကာရ အလိုအရ “Kenesthesia” ဟု ခေါ်ကြသည်။ ဤအသုံးအနှုံးသည် “Imagery” ၏ အခွဲတစ်မျိုးပင် ဖြစ်သည်။ မူရင်းအရေးအသားက “is associated with mental picture” ဟု Imagery ကို ခေါ်ဆိုပြီး ထိုအမျိုးအစားထဲမှ သီးသန့်ဖြစ်သော
၁။ သဘာဝခံစားမှု (Feeling of natural)
၂။ ကာယအားဖြင့် ခန္ဓာကိုယ်လှုပ်ရှားမှု (Physical bodily movement)

၃။ နှလုံးခုန်ခြင်း၊ သွေးခုန်ခြင်း နှင့် အသက်ရှူခြင်းစသော လူ့အသက်ဓါတ်နှင့် ဆက်စပ်နေသည့် လှုပ်ရှားမှု (Like a heartbeat, a pulse and breathing action)

တို့ ဖော်ပြရာတွင် “Kinesthesia” ဟု သီးခြားလင်္ကာရ အမည်တစ်မျိုးပေး၍ အသုံးပြုသည်။ ယခုစာကြောင်းသည် “တိုးဝင်” ဟူသော စကားလုံးနှစ်လုံး၏ အဓိပ္ပါယ်တွင် ကပ်ငြိပါလာသော သီးခြားအာရုံခံစားမှုအား ကာယအားဖြင့် ခန္ဓာကိုယ်လှုပ်ရှားမှု (physical bodily movement) ကို “တိုးဝင်” ဟူသော စကား၏ ပုံဖော်ပံ့ပိုးမှုကို ကဗျာဆရာက ထင်သာမြင်သာ ရှိစေခဲ့သည်။

ခရမ်းပြာအခင်းအကျင်း..

Zaw Zaw Htun
1 hr ·
ဒီကဗျာမှာ ခွဲခြမ်းစိတ်ဖြာ ရေးနေစဉ် ကျွန်တော့်ကို အနှောင့်အယှက်လာပေးတဲ့ စကားလုံးတစ်လုံး ရှိပါတယ်။ အဲဒါကတော့ “တစ်လွှာချင်းချွတ်ကြည့်” (စာကြောင်း (၃၂)) ဆိုတဲ့စကားပါ။ ဘတ်(စ်)ကားပေါ်က အမျိုးသမီးဟာ စိတ်ဆိုးမာန်ဆိုးနဲ့ “တစ်လွှာချင်းချွတ်” လို့ ပြောပေမယ့် သူဟာ ခုနစ်လွှာကချေသည်မဟုတ်ပါဘူး။ နေရာကလည်း တည်းခိုခန်း မဟုတ်ပါဘူး။ ဒီတော့ “တစ်လွှာချင်းချွတ်” ဆိုတဲ့စကားဟာ အမျိုးသမီး (ကဗျာထဲက)ရဲ့ စရိုက်ကို ဘယ်လောက်ကူညီ ပံ့ပိုးကူညီနေသလဲဆိုတာ အရေးကြီးလာပါတယ်။
ဒီနေရာမှာ သူမဘက်က ရှင်းလင်းကြောင်း သက်သေအဖြစ်၊ ဒါမှမဟုတ် သတ္တိကို ဖော်ဆောင်ပေးဖို့ ဒီစာကြောင်းကို ထည့်သွင်းရေးသားတယ်ဆိုရင်တော့ အခြေအနေက တစ်မျိုးဖြစ်ပြီး၊ ကဗျာဆရာက ရည်ရွယ်ချက်မဲ့ လိင်ကိစ္စနှင့် ပတ်သက်သောအသုံးကို ထည့်သွင်းရေးသားလျှင် အနောက်တိုင်း ကဗျာဗေဒအလိုအရ “Bawdy” (လိင်ဘာသာစကားအသုံးပြုခြင်း) လို့ ခေါ်ရမှာ ဖြစ်တယ်။ ယခု “တစ်လွှာချင်းချွတ်” ဟူသည်က ကဗျာဆရာ၏ ရှေ့စာကြောင်းအခင်းအကျင်းအရ လိင်ဘာသာစကားဟု မှတ်ယူရန်မဖြစ်နိုင်ပေ။ ရစ်ချတ်(ဒ်)ဂေး(လ်)၏ အလိုအရ “Bawdy” ကို ဇာတ်ကောင်၏စရိုက်အား မည်သို့ ထောက်ပံပေးသနည်းဟူ၍သာ တိုင်းတာတယ်လို့ ဆိုပါတယ်။

ခရမ်းပြာအခင်းအကျင်း....

Zaw Zaw Htun
59 mins ·
လူတွေဟာ လိင်ဘာသာစကားကို နှစ်ခြိုက်လေ့ရှိပြီး ကဗျာဆရာတွေ၊ စာရေးဆရာတွေဟာ သူတို့ရဲ့လက်ရာတွေမှာ ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းရေးသားလေ့ ရှိကြပါတယ်။ တကယ်တော့ (Bawdy) ဆိုတာ လိင်ကိစ္စနဲ့ဆက်နွယ်တဲ့ ဘာသာစကားရဲ့ စကားလုံးပါ။ “Bawdy is the word for language about sexual matters” လို့ ရေးပါတယ်။ ရှိတ်စပီးယားခေတ်မှစပြီး နောက်ပိုင်းကာလတစ်လျှောက်လုံး “Bawdy” ကို တွေ့ရပါတယ်။ သူ့ကိုသုံးတဲ့ ရည်ရွယ်ချက်ကတော့ စာလုံးကစားခြင်း (wordplay)၊ ဟာသမြောက်ခြင်းများ (Jokes) နဲ့ အဓိပ္ပါယ်နှစ်ခွဖြစ်စေခြင်း (double entendres) ဟူ၍ အမျိုးမျိုး ရည်ရွယ်သုံးစွဲကြသည်။ ကျွန်တော်တို့ မြန်မာမှာတော့ အဓိပ္ပါယ်နှစ်ခွ ဟာသများအဖြစ် “double entendres” ကို အသုံးများသည်။ အထူးသဖြင့် အငြိမ့်လူရွှင်တော်များ အသုံးများတာကို တွေ့ရပါတယ်။ အဓိပ္ပါယ်နှစ်ခွရှိတဲ့ စာလုံးအသုံးဟာလည်း ကဗျာကိရိယာတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
တစ်ခုထူးခြားတာက ခရမ်းပြာထက်လူကဗျာတွေမှာ “Bawdy” အသုံး သိပ်မတွေ့ရ။ မရှေးမနှောင်းကာလတွေ မှာ ကဗျာဆရာငယ်များ အုံနဲ့ကျင်းနဲ့ ကဗျာထဲ “Bawdy” လို လိင်ဘာသာစကားတွေ ဖေါဖေါသီသီသုံးစွဲနေစဉ်မှာ တောင် ခရမ်းပြာထက်လူကဗျာများတွင် မတွေ့။ “off colour words” လို့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ခပ်ညစ်ညစ် စကားလုံးများနဲ့ ကဗျာ၏အမြန်နှုန်းကို မြှင့်ဖို့မကြိုးစားသူကဗျာဆရာတစ်ယောက် ဖြစ်တယ်လို့ ဆိုရမယ်။ အချို့စာရေးဆရာ/ကဗျာဆရာများကတော့ “Bawdy” ကို ဖျော်ဖြေရေးအသွင်ဖြစ်စေရန် (to entertain) အတွက် သုံးကြတယ်။ ထိုအပြော (ဝါ) အသုံးသည် ဇာတ်လမ်း “Plot” ကို မည်မျှ အထောက်အကူပြုခြင်းနှင့်သာ ကျွန်တော်တို့ တိုင်းတာကြရမည်။ ရှိတ်စပီးယား၏ “Much Ado About Nothing” တွင် မားဂရက် (Margaret) က သူမဟာ လိင်ကိစ္စ စွန့်စားလိုသူအမျိုးသမီး (a sexually adventurous woman) ဖြစ်ကြောင်း စာသားတချို့ပြော၍ သိသာစေတယ်။ နောက် “Twelfth Night” တွင်မူ မာဗိုလီယို (Malvolio) ရဲ့ စကားဖြစ်တဲ့ အိုလီဗီယာကျင်ငယ်စွန့်ပုံစာကြောင်းဟာ “Bawdy” အဖြစ် ထင်ရှားပါတယ်။ အဲဒီခေတ်က ဗန်းစကားလို့ ယူဆရတဲ့ စာလုံးတိုများနဲ့ အမျိုးသမီးအင်္ဂါကျင်ငယ်စွန့်ပုံကို ရေးခဲ့ပါတယ်။

ခရမ်းပြာအခင်းအကျင်း...

Replies: 0
By: Auro ra

Zaw Zaw Htun
57 mins ·
အဲဒီလိုပဲ အနောက်တိုင်းစာပေမှာ စာဖွဲ့လောက်တဲ့ အမျိုးသမီးတွေကို ရစ်ချတ်(ဒ်)က အင်္ဂလိပ်စာပေ အဆင့်မြင့်လေ့လာခြင်း (Mastering English Literature) မှာ ဖော်ပြထားပါတယ်။ ဥပမာအားဖြင့် ဆီးရီ (Ceres) ဟာ ကမ္ဘာမြေကြီးရဲ့မိခင် (The Mother Earth)ဖြစ်ပြီး မိခင်တွေကို ကိုယ်စားပြုတယ်။ ဂရိဒဏ္ဍာရီထဲက အက်ကိုး (Echo) ရဲ့ တစ်ဖက်သတ်အချစ်နဲ့ကြေကွဲစရာ ဇာတ်လမ်းဟာ အရေးပါလှတဲ့ ပုံရိပ်တွေလို့ဆိုတယ်။ ယူရီဒိုက်(စ်) (Eurydice) ဟာ ချစ်သူကငရဲပြည်ထိ လိုက်လံကယ်ဆယ်ခြင်းခံရတဲ့ အမျိုးသမီးပုံရိပ်တစ်ခုပဲ ဖြစ်တယ်။ လော်ရီတီယာ (Lucretia) ဟာ ဘုရင့်သားတော် အနိုင့်အထက်ပြုကျင့်တာ ခံရပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ရာက ရောမပဒေသရာဇ်စနစ်ကို ဇာတ်သိမ်းပေးခဲ့တဲ့ အမျိုးသမီးဖြစ်ပြီး စာပေနဲ့ကဗျာများစွာက သူမအကြောင်းရေးဖွဲ့ခဲ့ကြတယ်။ (၁၅၉၄)မှာ ရှိတ်စပီးယားက လော်ရီတီယာ၏ အဓ္ဓမပြုကျင့်ခံရမှု (The Rape of Lucrece) ကို ရေးဖွဲ့ခဲ့တယ်။ ရှိတ်စပီးယားက သူမကို ရည်ညွှန်းပြီး အခြားသော ပြဇာတ်တွေမှာလည်း ရေးသားခဲ့တာမျိုးတွေရှိတယ်။
နောက်တစ်ယောက်ကတော့ ထရွိုင်မြို့သူ ဟယ်လင် (Helen of Troy) ပါပဲ။ ဟယ်လင့်ပုံရိပ်ကို ရေးဖွဲ့ကြတဲ့အခါမှာ နှစ်ပိုင်းရှိပါတယ်။ အဲဒါကတော့ အချစ်နဲ့စစ်ပါ။ အဲဒီနှစ်ပိုင်းကို ရောယှက်ပြီး ဟယ်လင့်ကို ပုံဖော်ကြပါတယ်။ ထရွိုင်မြို့ကြီးဟာ ဟယ်လင်ရဲ့အလှကြောင့် ပျက်စီးခဲ့ရပါတယ်။
ရှိတ်စပီးယားရဲ့ပြဇာတ်များပြီးရင် အထင်ရှားဆုံး နောက်ထပ်ပြဇာတ်တစ်ခုဖြစ်တဲ့ ဖေါင်း(စ်)တပ်(စ်) ဇာတ်ကောင်ရဲ့ အံ့မခန်းအတွေ့အကြုံထဲမှာ ဟယ်လင့်ကို ဖောင်း(စ်)တပ်(စ်) တွေ့တော့ ခရစ္စတိုဖာမာလိုး (Christopha Marlowe) က စစ်သင်္ဘောတစ်ထောင်ကို ဆိုက်ကပ်စေခဲ့သော မျက်နှာ (the face that launched a thousand ship) လို့ရေးပါတယ်။ တကယ်တော့ မိစ္ဆာတစ်ပါးက ဟယ်လင့်ရုပ်အသွင် ဖန်ဆင်းထားတယ်လို့ ယူဆရတယ်။ ဒါပေမယ့် ဟယ်လင့်မျက်နှာဟာ သမိုင်းဝင်အလှနတ်ဘုရားမနဲ့ အမျိုးသမီးတွေထဲမှာတောင် အတော်လေး လိင်ဆွဲဆောင်မှုပြင်းတဲ့ မျက်နှာမျိုးရယ်လို့ ဆိုတယ်။ မော်ဒန်ဆရာကြီးတစ်ဆူဖြစ်တဲ့ ယိ(ထ်) (W.B.Yeats)ဟာ ဟယ်လင့်ကို မကြာခဏ တွေးတတ်သူပါ။

ခရမ်းပြာအခင်းအကျင်း....

Zaw Zaw Htun
50 mins · Edited ·
ဆရာ ခရမ်းပြာထက်လူဟာ “မီး” ဆိုတဲ့ စကားလုံးကို သူ့ကဗျာတွေမှာလည်း မကြာခဏ သုံးလေ့ရှိပါတယ်။

ငါမင်းကို သတ်ချင်တယ် သီချင်းကိုချက်ချင်းကြီး ကီးချိန်းသွား
အားလုံးမီးဟုန်းဟုန်းတောက်သွားတယ်။ ။

(ဦးအောင်ဆန်း ဂဠုန်ဦးစော မေလှမြိုင်နဲ့ ငါမင်းကိုသတ်ချင်တယ်)

ရှင်တို့ရှို့လိုက်တဲ့မီး
ကျွန်မမြားရဲ့နောက်မြီးအဖျားမှာ ဟုန်းဟုန်းတောက်လောင်နေပါစေ
ကျွန်မရဲ့ဦးတည်ချက် ပစ်မှတ်က ဘယ်တော့မှမလွဲ
ဒုံးပျံဖြစ်ရမယ်၊ ဂြိုလ်တုကို သယ်ဆောင်တဲ့ဒုံးပျံမှာ မီးပန်းလေး ကျန်ရစ်တယ်
ဒုံးပျံတစ်စင်းနောက်မှာ ပန်းထွက်ကျန်ရစ်ခဲ့တဲ့ မီးစတွေလို အဲဒါဟာ ကျွန်မကို ပိုပြီး
ခွန်အားဖြစ်စေခဲ့။
(ကျွန်မ သမ္မတကြီး ဖြစ်ချင်တယ်)

လိုက်ခဲ့ မြင်းမြီးကို ကျစ်ကျစ်ပါအောင်ဆွဲပြီး သိဒ္ဓထမင်းသားနောက်
မောင်ဆန်လိုက်သလို လိုက်ခဲ့
လိုက်ခဲ့ စီးကရက်တစ်လိပ်ရဲ့မီး တဖြည်းဖြည်း တစ်စစလောင်ကျွမ်းကုန်ဆုံးသွားသလို

(သံမဏိနှင်းဆီ အတွက်တစ်ကိုယ်လုံးမီးရှို့မြေသြဇာလုပ်ပေးမယ့်ကဗျာ (၂))

မင်းသိတယ်မဟုတ်လား
ရေကြီးတယ် မိုးခေါင်တယ် ငလျင်လှုပ်တယ် မီးလောင်တယ် ဒါကလွဲရင်
ဘာမှမထွန်းကားတဲ့တိုင်းပြည်

(သံမဏိနှင်းဆီ အတွက်တစ်ကိုယ်လုံးမီးရှို့မြေသြဇာလုပ်ပေးမယ့်ကဗျာ (၂))

မှတ်ထား
ကိုယ့်အသွေး ကိုယ့်အသားမှမပါရင် ဘယ်ချစ်ခြင်းမေတ္တာမှ မီးမလင်းဘူး
မီးမလင်းတဲ့ ချစ်ခြင်းမေတ္တာမှာ ဘယ်အဝိဇ္ဖာမှ မမြင်ရဘူး
ဘယ်အဝိဇ္ဖာမှမမြင်ရရင် ဘယ်နိဗ္ပ္ဗန်တံခါးမှ မပွင့်ဘူး

(သံမဏိနှင်းဆီ အတွက်တစ်ကိုယ်လုံးမီးရှို့မြေသြဇာလုပ်ပေးမယ့်ကဗျာ (၂))

ဘယ်သူ့ကြောင့် ရန်သူ့မီးအိမ်ကျကွဲပြီး
ဘယ်သူ့ကြောင့် ကမ္ဘာကြီးမှာ မြန်မာခရီးပိုထိန်လင်းလာခဲ့ရသလဲ။

(သံမဏိနှင်းဆီ အတွက်တစ်ကိုယ်လုံးမီးရှို့မြေသြဇာလုပ်ပေးမယ့်ကဗျာ (၂))

သူနဲ့မဆိုင်လည်း ၃၁ ဘုံမှာ လောင်နေတဲ့မီးကို လှမ်းငြိမ်းရင်း

(သံမဏိနှင်းဆီ အတွက်တစ်ကိုယ်လုံးမီးရှို့မြေသြဇာလုပ်ပေးမယ့်ကဗျာ (၅))

အစောကြီးကတည်းက ပြောပြီးသား
အသုံးချမယ်ဆိုရင်
ရှင်သောက်ပြီး လွှင့်လိုက်မယ့် မငြိမ်းသေးတဲ့ စီးကရက်တစ်လိပ်အတွက်
အမှိုက်က အစ ပြဿာဒ်မီးလောင်စေဖို့ ဆေးလိပ်ခွက်တစ်ခုအဖြစ် ကျွန်မရှိနေမယ်

(သံမဏိနှင်းဆီ အတွက်တစ်ကိုယ်လုံးမီးရှို့မြေသြဇာလုပ်ပေးမယ့်ကဗျာ (၆))

နီရဲချွန်မြသော အမုန်းမီးတောက်များကို ကြည်လင်အေးမြသော ဥာဏ်ပညာတို့ဖြင့်
ထိပ်တိုက်
ရင်ဆိုင်၍

ထီးကလေးနဲ့မနီ
ကြီးလေးတဲ့မကြည်
(ခရမ်းပြာထက်လူ ၉၉ မှ)

မနေ့ကဆို
အမေရေကျွန်တော်
လက်ပံတောင်တောင်ရဲ့ မီးတောက်ကြီးထဲမှာဗျ။
မဟာစင်ဆိုတာ မင်းဆိုးမင်းညစ်တစ်ပါးရဲ့ နာမည်ဆိုလား
လက်ထိုးအန်ချလိုက်တယ် အမေ
(ခရမ်းပြာထက်လူ ၉၉ မှ)

အထက်ပါ အခင်းအကျင်းတွေကို ကျွန်တော် အကြမ်းနမူနာကောက်ကြည့်ရင်း “မီး” ဆိုတဲ့ စကားလုံးကို ကဗျာဆရာ ဘယ်လောက်နှစ်သက်ကြောင်း ပုံဖော်ကြည့်တာပါ။ ဆရာခရမ်းပြာထက်လူဟာ “တစ်ကမ္ဘာလုံးလင်း” စာလုံးအတွဲကို နောက်ခေါင်းစဉ်တစ်ခုမှာ ထပ်သုံးပါတယ်။ “ကိုယ့်ကိုယ်ကိုယ်/ကိုယ့်အိမ်ကို မီးရှို့” ဆိုတာမျိုး၊ “အလောင်ကျွမ်းခံ”၊ “စတေးခံ” နိမိတ်ကိုလည်း နှစ်ခြိုက်ပုံ ရပါတယ်။ သူ့ကဗျာစာကြောင်းတွေကို မီးပေါင်မြှင့်ရမယ့် နေရာကို သူကောင်းကောင်း သိတယ်လို့ ယူဆလို့ရပါတယ်။ ဒီအတွက် သူ မီးထည့်ခြင်းကို အလိုအလျောက်ပြုမိပုံ ရပါတယ်။ ဒီတော့ ၂၀၀၈ က ရေးထားတဲ့ သူ့ကဗျာအဆုံးသတ်ဟာ အရေးကြီးလာပါတယ်။ ကိုယ့်ကို/မီးရှို့ တစ်ကမ္ဘာလုံးလင်း ဆိုတာ သူ့ရဲ့စိတ်ကြိုက်အသုံးတွေလို့ယူဆရပါတယ်။ ဒါနဲ့ “ဘတ်(စ်)ကားပေါ်မှာ” ကဗျာကို သိမ်းပစ်ဖို့ သူ ကြိုးစားခဲ့ပါတယ်။

ခရမ်းပြာအခင်းအကျင်း....

Zaw Zaw Htun
42 mins ·
ဒီလို ကဗျာဆရာတစ်ယောက်က သူ့စိတ်ကြိုက်အသုံးကို ကဗျာအပုဒ်တွေမှာ သုံးလေ့ရှိပြီး ကဗျာအဆုံးသတ်ကို ခွဲခြမ်းစိတ်ဖြာတဲ့အခါ သတိထားဖို့ဆိုတဲ့ အသိကိုပေးခဲ့တာက အနောက်တိုင်း ကဗျာဆရာ ပေါ(လ်)မယ်လဒန် (Paul Muldoon) ပါ။ သူ့ရဲ့ အောက်စဖို့(ဒ်)လက်ချာများကို စုစည်းထားတဲ့ “ကဗျာတစ်ပုဒ်၏အဆုံးသတ်” (The end of the poem) စာအုပ်ဟာ ခရမ်းပြာထက်လူကဗျာတွေကို ပတ်စိတ်တိုက် ခြေရာကောက်ပါလို့ ပြောနေသလိုပါပဲ။ ပေါ(လ်)ကတော့ ဒီလိုကဗျာဆရာတစ်ယောက်ဟာ တစ်ပုဒ်နဲ့တစ်ပုဒ် အဓိပ္ပါယ် (သို့မဟုတ်) စာလုံးဆင်တူ သုံးစွဲမှု ရှိဖို့များတယ် ဆိုတဲ့ သူ့ကောက်ချက်ကို အခန်း(၁)ဖြစ်တဲ့ မော်ဒန်ဆရာကြီး ယိတ်(စ်) (W.B.Yeats) ရဲ့ ကဗျာကို ခွဲခြမ်းစိတ်ဖြာတဲ့ သင်ခန်းစာမှာပဲ စတင်ပြောဆိုပါတယ်။
အဲဒီလို ကဗျာဆရာ တစ်ယောက်တည်းက စာလုံးတစ်လုံးတည်းကို ထပ်ဆင့်သုံးစွဲမိတတ်သလို ကဗျာဆရာအများက စာလုံးတစ်လုံးတည်းကိုပဲ မတူညီတဲ့ ကဗျာတွေမှာ သုံးစွဲမိတတ်တာတွေ ရှိပါတယ်။ ဒီအပိုင်းဟာ အနောက်တိုင်းကဗျာလောကမှာ နည်းနည်းထူးဆန်းတဲ့ အနေအထားမျိုးတောင် ဖြစ်ခဲ့ရပါတယ်။ ကဗျာဆရာတွေဟာ သူတို့ခေတ်အခြေအနေ၊ ပတ်ဝန်းကျင် ရိုက်ခတ်မှုကြောင့် မသိစိတ်က နှစ်သက်တဲ့ စာလုံးတွေ ရှိနေတတ်ပါတယ်။
ဒီတစ်ချက်ကတော့ အနောက်တိုင်းကဗျာဆရာတွေက “မှောင်မိုက်သော” (darking) ဆိုတဲ့ စကားလုံးကို ဆရာခရမ်းပြာထက်လူရဲ့ (မီး/အလင်း) နဲ့ ဆန့်ကျင်ပြီး အကြိုက်တွေ့ပုံပေါ်ပါတယ်။ အဲဒီထဲက တစ်လုံးကတော့ “မှောင်မိုက်သော” (Darkling) ဆိုတဲ့ စကားလုံးပါ။ ရိုမန်းတစ်မင်းသား ဂျွန်ကိ(သ်) (Keats)က သူ့ရဲ့ နိုက်တင်ဂေးသို့ တမ်းချင်း (Ode to a Nightinagle) ကဗျာမှာ၊ တင်နီဆန် (Tennyson)က သူ့ရဲ့ (Momorian) ထဲမှာ၊ မက်သျှူးအာနိုးက သူ့ရဲ့ ဒိုဗာကမ်းခြေ (Dover Beach)၊ နောက်တော့ သောမတ်(စ်)ဟာဒီ (Thomas Hardy) က သူ့ရဲ့ (Darkling Truth) ကဗျာထဲမှာ အသီးသီး သုံးစွဲခဲ့ကြတယ်။ အဲဒီ မှောင်မိုက်သော (Darkling) ဆိုတဲ့ စာလုံးဟာ သီးခြား အဓိပ္ပါယ်ရှိမှု ဆိုတာထက် “အပြ” သဘောဘက်ကို ပိုသက်ရောက်ပြီး ဒီစာလုံးရဲ့ ပံ့ပိုးမှုကြောင့် သူတို့လေးယောက်ဟာ (၁၉) ရာစု ကဗျာဆရာများထဲမှာ ကွဲပြားထင်ရှားတဲ့ ကဗျာဆရာတွေ ဖြစ်သွားလေသလားလို့တောင် လေ့လာသူများ ထင်ကြေးပေးခံရတာတွေ ရှိပါတယ်။ ဒါနဲ့ လေ့လာသူတွေဟာ အခြားသော ကဗျာများကိုလည်း အလွတ်မပေးတမ်း လေ့လာကြရပါတော့တယ်။ အဲဒီမှာတော့ အခြားသော ကဗျာဆရာများရဲ့ “Darkling” စာလုံးအသုံးကိုလည်း တွေ့ရတော့တာပဲ။

ခရမ်းပြာအခင်းအကျင်း..

Zaw Zaw Htun
3 hrs ·
ကဗျာတစ်ပုဒ်ဟာ ဘယ်က စီးဆင်းလေ့ရှိသလဲ
ကဗျာခေါင်းစဉ်ပြီးရင် ကဗျာဖတ်သူကို ဆွဲဆောင်တဲ့အရာဟာ အဖွင့်စာကြောင်းတွေပါပဲ။ ကဗျာဆရာရဲ့ အပေါ်ကို အမှတ်ပေးမယ့် ကဗျာခေါင်းစဉ်ကို လေ့လာပြီးတဲ့နောက်မှာ အခု ကဗျာအဖွင့်ကို လေ့လာကြရအောင်။ ကဗျာတစ်ပုဒ်ကို ဘယ်လိုရေးဖွဲ့မလဲဆိုတာထက် ကဗျာတစ်ပုဒ်ကို ဘယ်လိုစတင်မလဲ ဆိုတာလည်း အရေးကြီးပါတယ်။ မေးစရာရှိတာကတော့ ပထမတန်းစား ကဗျာခေါင်းစဉ်ကို လေ့လာပြီးတဲ့နောက်မှာ အခု ကဗျာအဖွင့်ကို လေ့လာကြရအောင်။ ကဗျာတစ်ပုဒ်ကို ဘယ်လိုရေးဖွဲ့မလဲ ဆိုတာထက် ကဗျာတစ်ပုဒ်ကို ဘယ်လိုစတင်မလဲဆိုတာလည်း အရေးကြီးပါတယ်။ မေးစရာရှိတာကတော့ ပထမတန်းစားကဗျာတွေရယ်လို့ အများက သတ်မှတ်ထားတဲ့ ကဗျာတွေကို ကဗျာဆရာတွေက ဘယ်လိုများ တည်ဆောက်ပစ်ခဲ့ကြလဲဆိုတာ မေးခွန်းထုတ်ဖို့ လိုလာပါတယ်။ ဒီတော့ ကျွန်တော်တို့ လုပ်စရာ တစ်ချက် ရှိပါသည်။ ပထမတန်းစားရယ်လို့ အများက အသိအမှတ်ပြုထားတဲ့ ကဗျာဆရာကြီးတွေက အဖွင့်စာကြောင်းတွေနဲ့ ပြောဆိုထားတာလေးတွေကို ကိုယ့်အတွေ့အကြုံနဲ့ ချိန်ဆကြည့်ဖို့ပါ။ ကဗျာဆရာ တစ်ဦးချင်းစီအလိုက် ရေးသားပုံ၊ အကြည်ဓါတ်ပျိုးပုံခြင်း မတူနိုင်သလို နည်းစနစ်ပိုင်းလေ့လာမှုဟာလည်း တူညီကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့ စုံစမ်းမှုကိုတော့ ရပ်မပစ်သင့်ဘူး မဟုတ်လား။ ဆရာကြီး ရောဘတ်ဖရော့(စ်) (Robert Frost) ကတော့ ကဗျာဘယ်ကစသလဲ ဆိုတဲ့ သူ့အစပြုမှုကို အောက်ပါအတိုင်း ရေးပါတယ်။ စိတ်ဝင်စားစရာပါပဲ။
“A poem is never a thought to begin with” လို့ အစချီပြီး ဆရာကြီးပြောတဲ့ စကားက “ကဗျာတစ်ပုဒ်ဟာ ဘယ်တော့မှ အတွေးတစ်စကနေ ဖြစ်ပေါ် (ဝါ) စတင်တာမဟုတ်၊ အဓိပ္ပါယ်တစ်မျိုးထက်ပိုတဲ့ စကားလုံးတွေကို ဆော့ကစားမိတဲ့ အချိန်မှာတော့ အဲဒီကဗျာရဲ့ အကောင်းဆုံး ပုံစံကို ရတာပါပဲ။ ကဗျာကပဲ သူ့အတွေးကိုရပြီး ပန်းတိုင်ရောက်သွားမယ် ဒါမှမဟုတ် ပန်းတိုင်ကို မရောက်တာလည်း ရှိမယ်။ ပြီးတော့ ဘာမှမဟုတ်တာမျိုး ဖြစ်သွားတာလည်း ရှိတယ်။” လို့ ဆိုပါတယ်။ ဒါက သူ့ဘက်ကပါ။ ပုံသေကားကျတော့ မဟုတ်ပါဘူး။ တစ်ချက်တည်း ကျင်းဝင်သွားတဲ့ “a sweetly struck golf shot” လို သဘောမျိုးပေါ့။ အဓိပ္ပါယ်အမျိုးမျိုး ဖြစ်နိုင်တဲ့ စကားလုံးတွေကို ဆော့ကစားတယ် ဆိုတာက ခေတ်ဟောင်းကစားနည်း စနစ်တစ်မျိုးပါပဲ။ မှတ်ဥာဏ်ထဲက ပူဖေါင်းလေးတွေ ရေပေါ်တက်လာသလိုမျိုး တစ်စုံတစ်ရာ (something bubble up in your memory) လမ်းလျှောက်/စာဖတ် သလို ခင်ဗျားအာရုံကို ဖမ်းဆုပ်လိုက်တဲ့ တစ်စုံတစ်ရာ (catches your attention as you’re walking or reading) ဦးခေါင်းရဲ့ ဘယ်နေရာနားလောက်မှန်း မသိတဲ့နေရာက ရုတ်တရက်ခုန်ထွက်လာတဲ့ တစ်စုံတစ်ရာ (simply jumps into your head from nowhere) မြက်ရိုင်းသီးတွေလို ကပ်ငြိနေတဲ့ အတွေးရထားကြီး လှုပ်ရှားမှုပုံရိပ်အဖြစ် တည်မိတဲ့ တစ်စုံတစ်ရာ (sticks like a burn, until a thought train is set in motion) စသည်ဖြင့်ပေါ့လေ။ ဘယ်လိုမဆို ဖြစ်နိုင်တာပဲ။ ဒါကတော့ ဘာလင်တက္ကသိုလ်က ကဗျာဆရာလည်းဖြစ်၊ ဆရာလည်း ဖြစ်တဲ့ ဂျွန်ဟာ့လေးဝီလျံ (John Hartly Willams) က ဖြည့်စွက်ထားတာပါ

Zaw Zaw Htun
3 hrs ·
ဖြစ်နိုင်ချေရှိတဲ့အချက် (might happen) လို့ သုံးထားပါတယ်။ လုံးချင်းဖြစ်တယ်လို့ ကျွန်တော်တို့ နောက်ပြောင်လေ့ရှိတဲ့ လုံးပြီးခြင်းထဲပစ်သွင်း (crunch up the piece of paper and drop it in the bin) လိုက်တဲ့ တစ်စုံတစ်ရာပေါ့။ ဒါတွေက ကဗျာစတဲ့အခါ ဖြစ်လေ့ရှိတယ်လို့ သူတို့ကပြောတဲ့ အချက်တွေပါ။ ဒါတွေပဲလား။ မဟုတ်သေးဘူး။ တစ်ခါတစ်ရံ ကဗျာက ခင်ဗျားကို တံခါးခေါက်တာမျိုးတွေလည်း ရှိပါသေးတယ်။ ခံစားမှုတစ်မျိုးကို တစ်ခါတစ်ရံမှာရမယ်။ ကဗျာဟာ တောင်းဆိုခြင်းခံရတဲ့ ခံစားချက်မျိုး (sometimes it’ll feel as if the poem has been offered to you) ဖြစ်လာရင်တော့ စာရွက်လွတ်တစ်ရွက်ကိုရှာ ဘော(လ်)ပင်ကို ကိုင်ပြီး စာရွက်ပေါ် တေ့ပေးလိုက်ရုံပါပဲ။ ကဗျာက သူ့ကိုယ်သူပြန်ရေးပါတော့တယ် (the poem itself) လို့ ဂျွန်က ဆိုပါတယ်။ ဒါဆို ဘာလို့ အပင်ပန်းခံနေသေးလဲ။ ဒီအချိန်လေးကို စောင့်ဖမ်းလိုက်ရုံပေါ့လို့ခင်ဗျားက စောဒကတက်နိုင်ပါသေးတယ်။ ဒါကိုလည်း ဂျွန်က ကြိုသိနေပုံပါပဲ။ (သူလည်း ဘယ်နှစ်ခါ ဒီလို စောဒကအတက်ခံဖူးပြီလဲ မသိ)။ “You may have to wait for your best poems, but that does not mean you sit there idle and let mildew grow on your notebook. Practicing does not harm whatsoever; at least you’ll develop certain techniques that will come in useful later. . . ”
“ခင်ဗျားဟာ ခင်ဗျားရဲ့ အကောင်းဆုံးကဗျာတွေကို စောင့်ဖမ်းနိုင်ပါတယ်။ ဒါပေမယ့် အပျင်းကြီးပြီး ထိုင်စောင့်နေဖို့နဲ့ ခင်ဗျားမှတ်စုစာအုပ်ကို မှိုပေးတက်စေတဲ့ သဘောမျိုး မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကဗျာမဖြစ်သွားတောင် လေ့ကျင့်ခန်းတစ်ခု ဖြစ်သွားလည်း ဘာများနစ်နာလို့လဲ။ ပုံစံအသစ်တစ်မျိုး ပေါ်ကောင်းပေါ်လာပြီး နောက်ရေးမယ့် ကဗျာအတွက် အသုံးဝင်ပါလိမ့်မယ်။” လို့ ဆိုပါတယ်

Zaw Zaw Htun
3 hrs ·
ခရမ်းပြာထက်လူဟာ ကဗျာအဖွင့်စာကြောင်းတွေကို ဘယ်လိုနေရာချတတ်သလဲဆိုတာ ကျွန်တော်တို့ အနည်းငယ် ဝေ့ကြည့်ရအောင်။

ဇတ်တူသားစားရာမှာ ထူးချွန်သော ထောင်ချောက်များ။

(ထောင်ချောက်များ (၂)။ ခရမ်းပြာထက်လူ ၉၉ မှ
(နှင်းဆီဖြူထုတ်ဝေရေး)

ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးဟာ
လောင်စာဆီတစ်ခုပေါ်မှာ မူတည်နေတယ်။

(ကမ္ဘာအတွက်လိုအပ်နေတဲ့ဆု။ ခရမ်းပြာထက်လူ ၉၉ မှ)
(နှင်းဆီဖြူ ထုတ်ဝေရေး)

ဒီကဗျာပြီးရင်
လူဦးရေ သန်း ၆၀၀၀ ကျော်ကို ရေပေးသွင်းနိုင်ပြီ

(ကမ္ဘာအတွက် ကဗျာ။ ခရမ်းပြာထက်လူ ၉၉ မှ)
(နှင်းဆီဖြူ ထုတ်ဝေရေး)

ခရမ်းပြာထက်လူဟာ ကဗျာအဖွင့်တွေကို ဂရုစိုက်ပုံ ရပါတယ်။ ကဗျာတစ်ပုဒ်စဖို့ ဘယ်လို အာရုံခံစားမှုမျိုး၊ ဘယ်လိုအနေအထားမျိုး လိုမလဲ ဆိုတာတော့ သူပဲ ပြောနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကဗျာရေးသက်အရ အတွေ့အကြုံအခြေခံနဲ့ ကဗျာကို စဖွင့်နိုင်ပေမယ့် တစ်ချက်တည်း ကျင်းဝင်တဲ့ ကဗျာမျိုးအတွက် သူ့မှာလည်း အခြေအနေတစ်ခု လိုမယ်ဆိုတာ ကျွန်တော်ပြောရဲပါတယ်။ ကဗျာဆရာကြီး ဖိလစ်(ပ်)လာကင် (Philip Larkin) ကတော့ ရှင်းပါတယ်။
သူကဗျာတစ်ပုဒ်ကို ဖွင့်ပုံကိုတော့ မီးဖိုချောင် စားပွဲပေါ်မှာ သူနှစ်သက်တဲ့ ကဗျာဆရာကြီး ယိ(ထ်) (Yeats) ရဲ့ ကဗျာစာအုပ်အတွဲလိုက် ဖွင့်ထားပြီး သူ့မှတ်စုစာအုပ်ကို ဘေးမှချလို့ ဈာန်ဝင်စားမှုကို ယူခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကိုယ်ပိုင်ဟန်မရခင် အချိန်ထိ သူဟာဒီနည်းနဲ့ပဲ ကဗျာရေးတယ်လို့ ဆိုတယ်။ ဒီနေရာမှာ ကိုယ့်မော်ဒယ် ကဗျာဆရာရဲ့ လွှမ်းမိုးမှုနဲ့ ကိုယ်ပိုင်အသံဟာ ကဗျာမှာ သိပ်အရေးကြီးလာတယ်။ ကဗျာတစ်ပုဒ်ကို ရေးဖို့ အဖွင့်စာကြောင်းမှာပဲ အရိပ်လွှမ်းမိုးမှုကို ကဗျာဆရာလက်သင်တွေ ရင်ဆိုင်ရတာပဲ။ သူတို့ဆီမှာလည်း အရိပ်လွှမ်းမှုကို ကဗျာဆရာတွေ ခံစားရပါတယ်။ ကဗျာဆရာနဲ့ အနုပညာရှင်တိုင်းလိုလို အရိပ်လွှမ်းမှု စစ်ပွဲကို ကိုယ်ပိုင်ဟန် မရခင်အချိန်ထိ ကျော်ဖြတ်ရပါတယ်။

ခရမ်းပြာအခင်းအကျင်း...

Zaw Zaw Htun
3 hrs · Edited ·
ကျွန်တော့်တစ်ကိုယ်လုံး ပေါင်မုန့်နဲ့လုပ်ထားတယ်ဆို
အဲဒါဟာ လေထဲကငှက်တွေ၊ ရေထဲက ငါးတွေနဲ့ ခိုက်ခိုက်တုန်နေတဲ့ နှင်းတောထဲက
ခင်ဗျားတို့ အတွက်ပဲ။
ကျွန်တော့်တစ်ကိုယ်လုံး ကဗျာနဲ့ လုပ်ထားတယ်ဆိုရင်တော့
သေချာတယ် အဲဒါ ကမ္ဘာကြီးအတွက်ပဲ။

(ခရမ်းပြာထက်လူ)

အထက်ပါ စာပိုဒ်က ဆရာခရမ်းပြာထက်လူရဲ့ အမှာထဲက ကောက်နုတ်ချက်ပါ။ ကောင်းပြီ။ ကျွန်တော်တို့ ကဗျာအကြောင်း စ ပြောကြည့်ရအောင်။ ကဗျာဘယ်က လာသလဲပေါ့။ ဒီတော့ ကျွန်တော် ဖတ်နေတဲ့ စာအုပ်လေးတစ်အုပ်ထဲက စာလေးနည်းနည်း ကိုးကားကြည့်မယ်။ ရေးသူကတော့ မားဂရက်(ဒ်)ချပ်(ပ်)မန်း (Margaret Chapman) နဲ့ ကက်သလင်းဝဲ(လ်)တန် (Kathleen Welton) ရဲ့ စတင်လေ့လာသူများအတွက်ကဗျာ (Poetry for Beginner) စာအုပ်ထဲကပါ။ ကျွန်တော်တို့ ပြောနေ ရေးနေ ရွတ်နေကြတဲ့ ကဗျာ။ ဘယ်ကလာသလဲ။ မင်းကွာ ကဗျာဘယ်ကလာသလဲ ဆိုတာတောင် ကိုးကားနေရသေးတယ် ပြောရင်တော့ ကျွန်တော့်ဘက်က ပြောစရာ (၂) ချက် ရှိသည်။ တစ်ချက်က ကျွန်တော့်အပိုင်မဟုတ် ဆိုတာကို သွယ်ဝိုက်ပြောလိုခြင်း ဖြစ်ပြီး နောက်တစ်ချက်ကတော့ လက်ခံနိုင်တဲ့ ဆင်ခြေမျိုး ဖြစ်လို့ပါပဲ။ အဲဒီ အမျိုးသမီးတွေရေးတဲ့ အခြေခံကဗျာကျမ်းငယ်ထဲမှာတော့ ကဗျာဟာ ကဗျာအဖြစ် ရေးသားခြင်းထက်ကို ပို၍ ရှေးကျပြီး ကမ္ဘာ့ရှေးအကျဆုံး အရေးအသားများထဲက တစ်ခုအပါအဝင် ဖြစ်တယ်။ (Poetry is one of the oldest form of writing in the world. In fact, poetry is probably even older than writing itself.) လို့ ရေးတာကိုး။ ရှေးကဗျာဆရာများဟာ သူတို့ရဲ့ကဗျာကို အလွယ်တကူရွတ်ဖို့ မှတ်မိဖို့ ကဗျာနည်းစနစ်တွေဖြစ်တဲ့ ရိုင်း(မ်) နဲ့ ရစ်သမ် ကို အသုံးပြုခဲ့တယ်လို့ ဆက်ရေးပါတယ်။ ကမ္ဘာ့ရှေးအကျဆုံး အရေးအသားဆိုတာက စာရင်းအင်း (Accounting) နဲ့ ဥပဒေသ (Law codes) တွေကို ရေးတာပါပဲ။ မှတ်တမ်း (record) လုပ်တယ်ပေါ့။ ဘယ်သူက ဘယ်ဟာတွေ ပိုင်တယ်။ ဘယ်ကိုလုပ်တယ်။ ဘာကိုတော့ မလုပ်နိုင်ဘူး။ လူက မေ့တတ်တာကိုး။ ဒီတော့ မမေ့အောင် မှတ်မိနိုင်တဲ့ အမှတ်အသားလေးတွေ ရေးခြစ်ကြတာပေါ့လေ။ ဒီတော့ အရေးအသား ဖြစ်လာတယ်။ တစ်ဆင့်တက်ပြီး အခြေခံစီးပွားရေးကို လုပ်တယ်။ အဲဒီမှာ နည်းနည်း ပြဿနာရှိလာတယ်။ စီးပွားရေးလုပ်တာနဲ့ ပတ်သက်ပြီး ကြီးကြီးငယ်ငယ် မှတ်ရပြုရတော့မယ်။ “keeping track of things” လုပ်ရတယ်။ အဲဒီမှာ ရေးရ၊ မှတ်ရ၊ ကြည့်ရ၊ ပြောရတော့ အဲဒီစာရင်းတွေ၊ ပိုင်တာတွေကို မှတ်မိအောင် ကဗျာကို စတင်ရေးသားတယ်။ သူတို့ပိုင်တာတွေ မှတ်သားထားတာတွေနဲ့ ကာလရှည်ကြာ မှတ်သားပြီး အပြန်တလဲလဲ မှတ်မိအောင် ကဗျာကို ရေးသားခြင်းအားဖြင့် တစ်နည်းတစ်ဖုံ အားထုတ်တယ်ပေါ့။ (they started using writing to record those poems they had been just memorizing and repeating for so long) လို့ ဆရာမနှစ်ဦးက ဖော်ပြပါတယ်။

ခရမ်းပြာအခင်းအကျင်း



ငါတို့စောင့်မျှော်နေတယ်   

ငါတို့ဟာ နတ်သားများ၊ တမန်တော်တစ်ပါးကို မျှော်တယ်။ ဒါဟာ မြေသားရောင် ပိုးသားသင်တိုင်းရှည်ထဲက
မျက်မမြင်မိန်းမတစ်ဦးလား၊ သူမရဲ့ နားရွက်တွေထဲ ရွှေကွင်းကြီး ဖောက်ချိတ်ထားခြင်းလား၊ သူမရဲ့ ကျောက်မီးသွေးလို
မည်းနက်တဲ့ လမ်းပြခွေးဟာ သူမနံဘေးမှာလား? ငယ်ရွယ်တဲ့ လက်တင်အမေရိက မိန်းကလေးနဲ့အတူ မျက်လုံးလှလှ
ကလေးငယ်လေးက သူမရဲ့ပေါင်ပေါ်မှာလား? ဟစ်(ပ်)ဟော့ ဆရာကြီးလား? ရွှေဝါရောင်ဆံပင်နဲ့ မိန်းကလေးဟာ
သွားချုပ်ဝါယာကြိုးနဲ့ ကျောပိုးအိတ်နဲ့ တယောသေတ္တာနဲ့? ဒီအိုမင်းမစွမ်း၊ ဆံဖြူငနဲကြီး၊ သူ့မျက်နှာကို လတ်ဆတ်တဲ့
အညိုအမည်းဒဏ်ရာနဲ့ ဖုံးအုပ်ထားသလား? တောင်ဘက်ကေဘယ်ကားမောင်းတဲ့ ဒရိုင်ဘာလား? ဖိနပ်အဖြူ၊
ခေါင်းဆောင်းအဖြူကို ဝတ်ဆင်ထားတဲ့ ပိန်သွယ်သွယ် နာ့(စ်)မလေးတစ်ယောက်လား? ကျုပ်အဖော်၊ ပေတောက်ကို
ကျုပ်ဘေးမှာ ထိုင်ခိုင်းတယ်၊ အဲဒါ ဘယ်သူဖြစ်နိုင်ခြေရှိသလဲ၊ ကိုယ့်လူက ဘာမှလည်း ပြန်မဖြေဘူး။ ခင်ဗျားကတော့
ကျုပ်တို့ ကေဘယ်ရထားနဲ့ လျှောက်လိမ့်နေတဲ့ ဒီမြို့ကြီးရဲ့ နာမည်ကို အံ့သြကောင်းအံ့သြနေမှာပဲ။ ဘယ်လိုမြို့ပဲဖြစ်ဖြစ်
အဲဒီမှာ ကျုပ်တို့ရှိတယ်။

(မိုက်ကယ်ပါးမား၏ “ချည်မျှင်” (Thread) မှ)

မိုက်ကယ့်ကဗျာတစ်ပုဒ်ကို အလွတ်သဘော ကြော်ငြာဝင်ထိုးတာတော့မဟုတ်။ ဒီ “ဘတ်(စ်)ကားပေါ်မှာ”
ခွဲခြမ်းစိတ်ဖြာမှုထဲ မိုက်ကယ့်ကို ဆွဲသွင်းရတာ နိုင်ငံရေးကဗျာကြောင့်ပါ။ မိုက်ကယ်ပါးမားကဗျာတွေနဲ့ ပတ်သက်ပြီး
မတူတဲ့ရှုထောင့်ကပြောဆိုသွားတာတွေရှိတယ်။ သူ့ကဗျာတွေနဲ့ ပတ်သက်ပြီးတော့ မိုက်ကယ်သုံးခဲ့တဲ့
အသုံးအနှုန်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ ကွဲရှလွယ်ခြင်း (fragility) ပဲဖြစ်တယ်။ မိုက်ကယ်ဟာ ဘာသာဗေဒနဲ့
ပတ်သက်ပြီး ရှေ့ဆောင်တွေးခေါ်သူ စတန်လေလူးဝစ်(စ်)ကာဗဲ(လ်) (Stanley Louis Cavell) ရဲ့
အနာလက်တစ်အဆိုကို ထောက်ခံပြီး ဘာသာစကားရဲ့ အခြေအနေ (Condition of Language) ရဲ့ စကားလုံး
အဓိပ္ပါယ်ဟာ ကဗျာဗေဒအတွင်းမှာ ပြဿနာ(ဝါ) အငြင်းအခုံ ဖြစ်စေတယ်ဆိုတဲ့ အချက်ကို သူလက်ခံတယ်။
ဘာသာဗေဒရဲ့ စကားလုံး အဓိပ္ပါယ်ကို “Signification” လို့ ခေါ်တယ်။ ဘာသာစကားမှာရှိတဲ့ လက္ခဏာ (ဝါ)
အမှတ်အသား (Sign) မှာတော့ ကဗျာနဲ့ဝင်ရောက် ပူးကပ်လိုက်တဲ့အခါမယ် အောက်ပါတို့ ပါဝင်လာတယ်။
၁။ အတိမ်းအစောင်း (Slippage)
၂။ အဖိတ်အစင် (Loss)
၃။ အပိုဆာဒါး (Accretions)
အဲဒီသုံးချက် မလွဲမသွေ ပါဝင်လာတဲ့ လက္ခဏာ (sign) ဟာ ကဗျာနဲ့ ပူးကပ်လိုက်တော့ ကဗျာဆရာဟာ
ကဗျာထဲက အဲဒီ “sign” ကို ပြန်လည် ဆန်းသစ်အောင် ကြိုးစားရပါတယ်။ ကဗျာထဲက စကားလုံးတွေရဲ့ ဘာသာဗေဒ
အကျအပေါက် အဖိတ်အစင်ကို ဆန်းသစ်အောင် ကဗျာဆရာက ပြန်ပြီး သုံးပြရတယ်။ မာတိ(စ်) (Matisse) ဆိုတဲ့
ပန်းချီကျော်က ပန်းချီကားထဲက လက္ခဏာ/အဓိပ္ပါယ်ကို (new sign) အဖြစ် ပန်းချီဆွဲခြင်းနဲ့ ချိတ်ဆက်အောင်
လုပ်ပေးတာ ပန်းချီဆရာရဲ့ အလုပ်လို့ ဆိုသလိုပဲ ကဗျာထဲက တိုးလျော့သွားတဲ့ လက္ခဏာ (sign) ကို
အသစ်ပြန်လုပ်ပေးတာ “Renew” လုပ်ပေးတာက ကဗျာဆရာရဲ့အလုပ်ဖြစ်တယ်။ ဒါကတော့ ကွဲပြားခြားနားသော
ဒေသများ၊ ကာလပေါ်ကဗျာအား ရှင်းလင်းခြင်း (Regions of Unlikeness: Explaining Contemporary Poetry) လို့
ခေါင်းစဉ်တပ်ထားတဲ့ သောမတ်(စ်)ဂါ့နာ (Thomas Gardner) ရဲ့ စာအုပ် စာမျက်နှာ (၂၃၈) မှာ မိုက်ကယ်နဲ့
ပတ်သက်ပြီး ရှင်းပြထားတာဖြစ်တယ်။ မိုက်ကယ်ဟာ ကဗျာနဲ့ ပတ်သက်ပြီး ကွန်တမ်ပိုရာရီစာရင်းအသွင်းခံထားရသူပါ။
ဝီကီအဘိဓါန်ကတော့ မိုက်ကယ့်ရေးဟန်နဲ့ပတ်သက်ပြီး အမျိုးအစားခွဲခြားရာမှာတော့ ဘာသာစကားဗဟိုပြုကဗျာ
(အယ်(လ်)ကဗျာဆရာ)နဲ့ ပို့(စ်)မော်ဒန်ကဗျာဆရာ အဖြစ် နှစ်မျိုးစလုံးဖော်ပြတယ်။ ၁၉၄၃ မေလ (၁၁)ရက်ဖွား
မိုက်ကယ်ဟာ ဟားဗတ်က ကျောင်းပြီးသူတစ်ယောက်၊ သူရတဲ့ ဘီအေ ကတော့ ပြင်သစ်ဘာသာစကားပါ။ နောက်
အမ်အေ (MA) ကို ကွန်ပါရေးတစ်(ဗ်)စာပေ(Comparative Literature) နဲ့ပြီးတယ်။ အနှစ်သုံးဆယ်လောက်
ခေတ်ပေါ်အကမှာ မြှုပ်နှံခဲ့သူလည်း ဖြစ်တယ်။ ၂၀၀၆ မှာတော့ ဝေါ့လေစတီဗင်ဆုကိုရတယ်။ ဒီဆုကတော့
အမေရိကန်ကဗျာဆရာအကယ်ဒမီက ကဗျာမှာ အများနဲ့မတူ ထူးချွန်ဆောင်ရွက်ခဲ့သူတွေကို ဒေါ်လာတစ်သိန်းတိတိ
ချီးမြှင့်ခဲ့တာဖြစ်တယ်။ မိုက်ကယ်အပေါ် သြဇာလွှမ်းခဲ့တဲ့ ကဗျာဆရာကြီးနှစ်ဦးကတော့ ရောဘတ်ခရီလေ (Robert
Creeley)၊ ရောဘတ်ဒန်ကန် (Robert Dancan) တို့ပဲဖြစ်တယ်။ မိုက်ကယ်နဲ့ပတ်သက်ပြီး အသုံးအနှုံးတစ်ခု
ပေါ်လာတယ်။ အဲဒါကတော့ အနာလက်တစ်လစ်ရစ် (Analytic Lyric) ဆိုတာပါပဲ။

ဇော်ဇော်ထွန်း ၏ ခရမ်းပြာအခင်းအကျင်း...
Zaw Zaw Htun
1 hr · Edited ·
မိုက်ကယ်ရဲ့ အနာလက်တစ်လစ်ရစ်
နဲ့ ပတ်သက်ပြီး သောမတ်(စ်)ဂါထနာရဲ့ ကာလပေါ်ကဗျာအား ရှင်းလင်းခြင်းကျမ်းမှာတော့ “addressing the
problematic of the purely private utterance by taking over the condensation of lyric emotion and focusing
it then on the mechanic of language” (စစ်မှန်စွာရှိတဲ့ ပုဂ္ဂလဖော်ပြချက်ရဲ့ပြဿနာလို့ ခေါင်းစဉ်တပ်
သတ်မှတ်ထားတာတွေကို လစ်ရစ်ပုဂ္ဂလ ဗဟိုဖွဲ့ဆိုမှု ခံစားချက်၏အနှစ်သာရနှင့် ဘာသာဗေဒ၏ အလုပ်လုပ်ခြင်းကို
တည်၍ ချဉ်းကပ်ခြင်းအားဖြင့်သာ ကျော်ဖြတ်ရမည်ဖြစ်သည်။) မိုက်ကယ်ဟာ ကခုန်ခြင်းရော၊ ပန်းချီဆွဲခြင်းမှာပါ
ထူးချွန်တဲ့သူ ဖြစ်တယ်။ ဒေးဗစ်ဘရိုမဂီ (David Bromige) ကတော့ မိုက်ကယ်အပေါ် အယ်(လ်)ကဗျာဆရာ ဖြစ်တယ်
မဖြစ်ဘူးဆိုတာကို အခုလို ဖြေပါတယ်။
(သို့သော်လည်း မိုက်ကယ့်ကိုကြည့်ရတာ အယ်(လ်)ကဗျာဆရာတော့ မဖြစ်နိုင်ပါဘူး။ သူသေသွားတဲ့တိုင်
ကျုပ်တို့သိလိမ့်မှာ မဟုတ်ဘူး။ သူတို့ သူ့နှလုံးကို ဖြတ်ထုတ်ပြီးကြည့်ရင် တကယ်လို့ အဲဒီမှာ L=A=N=G=U=A=G=E
ကို တွေ့ရမယ်ဆိုရင်တောင် မှပဲ) လို့ ဆိုပါတယ်။ အင်တာဗျူးမှာ သူ ဘာပြောခဲ့သလဲ။
I think all of the kinds of meaning that occur in the poem are present through out language, but
that they become, in an interesting way, by the fact of their becoming focused on the poem-meaning we
can attend to more concentratedly. P.239 Regions of Unlikeness: Explaining Contemporary Poetry.
ကျွန်တော့်အထင် ကဗျာကို တည်ဆောက်ကြတဲ့ အဓိပ္ပါယ်အမျိုးအစားတွေဟာ ဘာသာစကားကို
ဖြတ်သန်းပေမယ့် သူတို့ကဗျာကို ချဉ်းကပ်လာတဲ့ အချက်အလက်ကြောင့် သူတို့ဟာ စိတ်ဝင်စားစရာကောင်းတဲ့
လမ်းတစ်ခုပေါ်ကို ရောက်သွားတယ်။ အဓိပ္ပါယ်တွေကို ပိုပြီး ဆုပ်ကိုင်လို့ရလာတယ်။ (အာရုံစိုက်လို့ရလာတယ်။)
သောမတ်စဂါ့ထနာ- ခေတ်ပေါ်ကဗျာရှင်းလင်းခြင်း (စာ- ၂၃၉)
မိုက်ကယ်ဟာ ဆာရာဂိုဆန်ထယ် (Sarah Rosenthal) နဲ့ အင်တာဗျူးမှာ စိတ်ဝင်စားစရာတချို့ကို ပြောခဲ့ပါတယ်။
ကဗျာနဲ့ပတ်သက်ပြီး
“Poetry is perverse thing in that it gestures both towards the world and toward a self which also,
in a sense, is the world to go away so you can do some thing.”
“ကဗျာဆိုတာက သူ့အမူအကျင့်တွေထဲမှာဆို လှည့်ဖျားတတ်တဲ့သဘောရှိတယ်။ အဲဒီနှစ်မျိုးစလုံးနဲ့
ကမ္ဘာကြီးဆီကို သွားသလို ပုဂ္ဂလဆိုင်ရာနေရာဆီကိုလည်း သွားတယ်။ အဲဒီပုဂ္ဂလနေရာက အာရုံတစ်ခုထဲမှာ ကမ္ဘာကြီးကို
အဝေးကို ပို့ပြန်တယ်။ အဲဒီအတွက် ခင်ဗျား တစ်စုံတရာတော့ လုပ်လို့ရသွားတာပေါ့။” လို့ဆိုတယ်။
ပြောချင်တာက ပုဂ္ဂလခံစားချက်နဲ့ အများနဲ့ဆိုင်တဲ့ခံစားချက် (ဝါ) အမှန်တရား အဲဒီဟာတွေကို ကဗျာရဲ့
လှည့်ဖျားတတ်တဲ့ အမူအယာနဲ့ ချဉ်းကပ်တာပဲ။ မိုက်ကယ်က “perverse” ဆိုတဲ့ မျှော်လင့်ထားတာကို ဆန့်ကျင်တတ်တဲ့
လက္ခဏာ၊ လှည့်ဖျားတတ်တဲ့သဘော လို့ ပြောတယ်။ ဒီတော့ ခင်ဗျားဟာ အများကို ကိုယ်စားပြုမယ်၊ နောက် . . .
တစ်ယောက်ကို ကိုယ်စားပြုမယ် . . . အဲဒီလို တစ်ယောက်တည်းကို ကိုယ်စားပြုပြီး အများကို ဆန့်ကျင်ပြန်တယ်။ အဲဒီ
ဘောင်ထဲမှာ ကဗျာကို ကစားကြတယ်လို့ ဆိုတယ်။ ဆာရာကတော့ . . . မိုက်ကယ်ရေ အဲဒီမှာ လှည့်ဖျားစွာနဲ့
လူတွေကို ချိတ်ဆက်ပို့ပေးတယ်ဆိုတဲ့ နေရာမှာ သတိပြုစရာအကွာအဝေး အတိုင်းအတာ နည်းလမ်းတစ်ခု ရှိလား။
အဲဒီနေရာမှာ ဆာရာက (more connected) လို့ သုံးသွားတယ်။ မိုက်ကယ်ကတော့ ဝီလျံကားလို့(စ်) ပြောသွားတဲ့
ဆက်သွယ်(contact) ဆိုတဲ့စကားကို ပိုပြီး သဘောကျပါတယ်။ ကားလို့စ်ကြီး ပြောသွားတဲ့ contact (ဆက်သွယ်မှု)
ဆိုတာ ဒါမျိုးပေါ့။ အကယ်၍များ ကဗျာမှာ ဆက်သွယ်တဲ့ အားနည်းသွားတယ်ဆိုရင်တောင်မှပဲ ကဗျာတွေဟာ လူတွေနဲ့
အရာဝတ္ထုတွေကြားက အကွာအဝေးကို သူတို့သိသလောက် ဆက်သွယ်ပေးနေဦးမှာပဲ” လို့ မိုက်ကယ်က ဆိုတယ်။


Zaw Zaw Htun
1 hr · Edited ·
၁၉၆၇ မှာတော့ ဖရန့်(ခ်)ကာမိုဒီ
(Frank Kamode)ဟာ အဆုံးသတ်တစ်ခု၏ အာရုံခံစားမှု (The Sense of an Ending) ကို ပုံနှိပ်ထုတ်ဝေတယ်။ ၁၉၉၂
မှာ ဖရန်စစ်ဖူကူယားမားက သမိုင်းနိဂုံး (The End of History) နဲ့ နောက်ဆုံးကျန်ရစ်သူ (The Last Man) ကို
ထုတ်ဝေတယ်။ ဖရန့်(ခ်)ကာမိုဒီကတော့ အစနဲ့အဆုံးကို စွဲလမ်းမှုရှိတယ်လို့ ဆိုပါတယ်။ သူ့ဥပမာကတော့
ကျွန်တော်တို့ အိပ်ယာနံဘေးက နာရီပါ။ လူတွေဟာ အစနဲ့အဆုံးကို စွဲလမ်းမှုရှိတယ်လို့ ဆိုပါတယ်။ သူ့ဥပမာကတော့
ကျွန်တော်တို့ အိပ်ယာနံဘေးက နာရီပါ။ လူတွေဟာ နာရီသံကို “တစ်တောက်” (tick tock) လို့ကြားတယ်။
တိုင်ကပ်နာရီဆိုလည်း “ဒင်း-ဒေါင်” လို့ကြားလေ့ရှိတယ်။ အစနဲ့အဆုံး ကြွဲပားဖို့လိုတယ်။ စွဲလမ်းတယ်။ ဖရန်ရ(ခ်)ကာမိုဒီ
ကတော့ “addiction” (စွဲလမ်းခြင်း)ပါပဲ။ ဒီစကားကို သူလွယ်လွယ်ပြောခဲ့တာတော့မဟုတ်ဘူး။ အဆုံးသတ်တစ်ခု၏
အာရုံခံစားမှု (The Sense of Ending) ဆိုတာ နှစ်ပေါင်းများစွာ အချိန်ပေးခဲ့တဲ့သူ့လေ့လာချက်ပါ။ လူတွေဟာ
အဖြစ်အပျက်တိုင်းကို (ဒါမှမဟုတ်) နေထိုင်ရာကမ္ဘာကြီးကို အစနဲ့အဆုံး သတ်မှတ်လိုစိတ် ကိန်းအောင်းနေတယ်လို့
ဆိုတယ်။ မဟာဝတ္ထုကြီးများလို့ ကာဒီမို ကခေါ်တဲ့ အနောက်တိုင်းလူ့အဖွဲ့ အစည်းကို အဓိက မောင်းနှင်နေတဲ့
အတွေးအခေါ်ကျမ်းတွေဖြစ်တဲ့ သမ္မာကျမ်း (The Bible)၊ အရင်းကျမ်း (Das Kapital)၊ မျိုးစိတ်များ၏မူလ (The Origin of
Species) တွေမှာလည်း နိဒါန်း-နိဂုံး ဖွဲ့စည်းတည်ဆောက်ခဲ့တယ်။ အဒဲီကျမ်းကြီးတွေမှာ နိဂုံး-နိဒါန်းနဲ့ပဲ Triatic
Strucutre ပင်ပကျောရိုး တည်ဆောက်ပါတယ်လို့ ကာဒီမိုက ထောက်ပြတယ်။ ဒါ့အပြင်ကို အိပ်ယာဝင် ကလေးဘဝ
ပုံပြင်တွေမှာလည်း နိဂုံးနိဒါန်း တည်ဆောက်မှုနဲ့ ဇာတ်လမ်းဆင်ကြတယ်။ ဟိုးရှေးရှေးတုန်းက နဲ့ဖွင့်ပြီးပျော်ရွှစ်စွာအသက်ထက်ဆုံးနေထိုင်သွားလေသတည်း (happy ever
after) ဆိုတဲ့ စကားနဲ့ပိတ်ကြတာပေါ့။ ဆိုလိုတာက အနောက်တိုင်းအတွေးအခေါ် တစ်ဆစ်ချိုးပြောင်းတဲ့
ကျမ်းကြီးကျမ်းခန့်တွေကအစ ကလေးတွေကိုပြောတဲ့ ပုံပြင်တွေအထိ နိဒါန်း နိဂုံး တည်ဆောက်မှုတွေနဲ့ လုပ်တာပါပဲ။


Zaw Zaw Htun
1 hr ·
အဆန်းတကျယ်များကို ထည့်သွင်းတည်ဆောက်ခြင်းသည် အနုပညာနယ်ပယ်၌ ယခုမှ
ကောက်ခါငင်ကာ ပေါ်လာတာမျိုးတော့မဟုတ်။ အရစ္စတိုတယ်တို့ခေတ် ခရစ်မပေါ်မီနှစ်ပေါင်း သုံးရာလောက်ကစ၍
ယနေ့ထိ ကဗျာဆရာတွေ လက်မလွှတ်နိုင်သေး။ အမြင့်ဆုံးအသုံးပြုခဲ့သော ကာလမှာ ရိုမန်းတစ်(ခ်)ကာလဖြစ်သည်။
ထူးဆန်းခြင်း (strangeness) သည် ရိုမန်းတစ်(ခ်)ကဗျာ၏ ဗဟိုချက်မဖြစ်သည်ဟု ကိုးလားရစ်(ခ်ျ)က သူ၏ ကိုယ်တိုင်ရေး
အတ္ထုပတ္တိဖြစ်သော “Biographia Literaria” တွင် ဖော်ပြသည်။ ၁၈၁၇ တွင် ထိုအတွဲနှစ်တွဲပါ
ကိုယ်တိုင်ရေးအတ္ထုပတ္တိသည် သူ၏ ကဗျာအမြင်ကိုလည်း ထည့်သွင်းဖော်ပြသည့် ကျမ်းဖြစ်သည်။ ၁၈၄၇
ကိုးလားရစ်(ခ်ျ)၏ သမီးဖြစ်သူ (Sara) က အချပ်ပိုဖြည့်စွက်၍ ထပ်မံပုံနှိပ်ခဲ့သည်။ ပြောချင်သည်က
သူ့ကဗျာအယူအဆများ ပါဝင်သော နာမည်ကြီး ထိုကျမ်း၌ သူက ပုံမှန်မှ သွေဖည်သော ထူးဆန်းသည့် အချက်များ
ရေးဖွဲ့တင်ဆက်မှုသည် ရိုမန်းတစ်(ခ်)၏ ဗဟိုချက်မဒေါက်တိုင်ဟု ရေးသားခဲ့သည်။ ထားတော့။ ဒီတစ်ခါတော့ ဂရီဂေါ
(Gregor) ကိစ္စ။ သူဘာဖြစ်သွားလဲ။ တစ်နေ့သ၌လို့ပဲ အစချီပါစေလေ။ တစ်မနက် မိုးလင်းတော့ အိပ်မက်ဆိုးက
နိုးတယ်လေ။ သူ့အိပ်ယာပေါ်တင် သူက လူလောက်ကြီးတဲ့ ကြမ်းပိုးတစ်ကောင် ဖြစ်သွားတယ်။ ဖရန့်(ဇ်)ကပ်(ဖ်)ကာ
(Franz Kafka) ရဲ့ မက်တာမော်ဖောဆစ်မှာ အဲဒီလို အဆန်းတကြယ်တွေပါတယ်။ ဒီကိစ္စမျိုးကို ဘားတော့ဘရက်(တ်)
(Bertolt Brecht) သိတယ်။ သူလည်း လုပ်လေ့ရှိတယ်။ ပရိတ်သတ်ကို ဖျားယောင်းပြီး ကိုယ်ဘယ်သူဘယ်ဝါဆိုတာတွေ
ကို ပြဇာတ်ကနေစဉ် သက်သေပြဖို့ကြိုးစားတဲ့ နည်းမှန်သမျှ သရုပ်ဆောင်က ခေါင်းထဲက ထုတ်လိုက်ဖို့လိုတယ်။
သူသင်ခဲ့တာတွေပေါ့။ အေအကျိုးသက်ရောက်မှု (A-Effets)များကို လုပ်မယ်ဆိုရင် အဲဒါလိုအပ်တယ်။ ပရိတ်သတ်ကို
မျောသွားအောင် လုပ်တယ်ဆိုတာ သူကိုယ်တိုင် ပြဇာတ်ထဲမှာ မျောနေရမယ်။ (In order to produce A-Effets the
actor has to discard whatever means he has learned of persuading the audience to identify ifself with the
characters which he plays. Aiming not to put his audience into a trance, he must not go into a trance
himself.) လို့ ပြောခဲ့ပါတယ်။ ဘားတော့ဘရက်(တ်)သီအိုရီဟာ ပြဇာတ်လောကမှာ (A-Effect) လို့ခေါ်တဲ့
ခြားနားအောင်ပြုလုပ်ခြင်း သက်ရောက်မှု (the alienation effect) လို့ မူလက ခေါ်ဝေါ်ပေမယ့် ကား(လ်)မာ့(စ်)ရဲ့
အဓိပ္ပါယ်မတူတဲ့ “alienation” ဖွင့်ဆိုမှုနဲ့ မှားယွင်းရောထွေးမှာ မလိုလားလို့ ကွဲပြားခြင်း (ဝါ) တစ်ထပ်တည်းမကျခြင်း
“distanciation” လို့ နောက်ပိုင်းသုံးနှုံးလာပါတယ်။ အဲဒီ အဆန်းတကျယ်များကို ထည့်သွင်းတည်ဆောက်ခြင်း
(defamilarization) ဟာ ဘားတော့ဘရက်(တ်)ကို ၁၉၅၀ ခုနှစ်များက လန်ဒန်ပြဇာတ်ပရိတ်သတ် လက်ခံခဲ့တဲ့
အချက်ပါပဲ။ သြဇာကြီးတဲ့ ဝေဖန်ရေးဆရာ ကက်နက်တိုင်နန် (Kenneth Tynan) တို့လိုလူမျိုးတွေကတောင်
ကြိုဆိုခဲ့တယ်။



Zaw Zaw Htun
46 mins · Edited ·
သေခြင်းတရားတွေကို ပစ်ချပေးဖို့
ဒီပူပင်သောကများရဲ့ ခေတ်ကြီးကို
ကျုပ် စောင့်နေခဲ့တယ်
မင်းမဲ့ဝါဒီတွေအတွက်
ဒီကမ္ဘာကြီးကို ပိုပြီး လုံခြုံအောင် လုပ်မယ်ဆိုတဲ့
တိုက်ခိုက်မှုတွေ ပြည့်နေတဲ့ ဒီစစ်ပွဲကို
ပြီးတော့ ကျုပ် စောင့်နေပါရဲ့
အစိုးရတိုင်းရဲ့
အဝေးဆီကို နောက်ဆုံးချုပ်ငြိမ်းသွားမယ့် အချိန်
ကိုလည်း အဖန်တလဲလဲ ကျုပ်စောင့်ဆိုင်းနေပါရဲ့။

(လောရင့်(စ်)ဖာလင်ဂတ်တီ၏ “ကျုပ်စောင့်နေတယ်” မှ)

အခုလို နိုင်ငံရေးကိစ္စတွေကို ရှည်လျားစွာ နိဒါန်းပျိုးရေးရတာ ဘာကြောင့်လဲဆိုတော့ ကဗျာရေးသူဟာ
“ခရမ်းပြာထက်လူ” ဖြစ်နေလို့ပါ။ အခု ကျွန်တော်ချဉ်းကပ်မယ့် ကဗျာဟာ သူ့ရဲ့ “ဆုရကဗျာငါးပုဒ်” ကို စုစည်းထားတဲ့
“လက်ဆောင်” ကဗျာစာအုပ်ထဲကပါ။ ကျွန်တော်တို့ သိပ်ရှည်ရှည်ဝေးဝေး ထောက်လှမ်းစုံစမ်းစရာ မလိုပါဘူး။ အဲဒီကဗျာ
မျက်နှာဖုံးမှာကိုပဲ ခရမ်းပြာထက်လူရဲ့ နိုင်ငံရေးနဲ့ကဗျာအပေါ်ထားတဲ့ သဘောထားကို ထင်ရှားစွာ တွေ့ရပါတယ်။

ဟောဒီကမ္ဘာမြေကြီးအပေါ် အာဏာရှင်တစ်ယောက်
ရောက်လာတာထက်စာရင်
ကဗျာဆရာတစ်ယောက် မွေးဖွားလာတာကို
နတ်ကောင်းနတ်မြတ်တွေက ပိုအလိုရှိကြပါလိမ့်မယ်။

. . .လို့ ခရမ်းပြာထက်လူကဆိုပါတယ်။ သူဟာ ကျွန်တော်တို့ဘက်ကပါ။

ကဗျာတစ်ပုဒ်ကို ခွဲခြမ်းစိတ်ဖြာမယ်ဆိုရင်တော့ ကဗျာဆရာနဲ့ နားလည်မှုအခြေခံအုတ်မြစ်ကို
တည်ဆောက်ရပါတယ်။ ဒါကို ကျွန်တော်တို့က Foundation of Understanding လို့ပဲ အလွယ်ခေါ်ကြပါစို့။ ဆရာမ
မာရီအယ်လန် (Mary Ellen Snodgrass) က အချက်တချို့ကို ရှာဖွေခိုင်းပါတယ်။ သူ့ခေါင်းစဉ်ကတော့ “Context of
Poem” ပါ။ ဒါဟာ ကျွန်တော်တို့က ကဗျာကို ဖတ်ပြီး ပိုပြည့်စုံတဲ့ နောက်ကွယ်က ပိုမိုကျယ်ပြန့်တဲ့ မြင်ကွင်းကို ကြည့်တာ
ဖြစ်ပါတယ်။
စာသား (Text) နဲ့ ပြည့်ဝစာသား (context) ကို ကျွန်တော်တို့တစ်တွေ ခွဲခြားသိမြင်ဖို့ လိုပါတယ်။ Context
ဆိုတာက ပြည့်ဝစာသားလို့ ယေဘုယျ ကျွန်တော်တို့ သတ်မှတ်ပေးလိုက်တာဟာ ဘာမှန်းညာမှန်းမသိတဲ့ စာချည်းသက်သက်
စာရွက်ပေါ်က စာတွေ (စာလုံးအစုအဝေး)တွေ မဟုတ်ပါဘူး။ နောက်ခံ အဓိပ္ပါယ် အပြည့်အဝ တပ်ဆင်ထားတဲ့ “setting”
ကို ဆိုလိုတယ်။ ဒါမှမဟုတ် အဓိပ္ပါယ်ကို ဖော်ဆောင်မယ့် ဆက်စပ်ပတ်ဝန်းကျင်ရဲ့ နှပ်ကြောင်းပေး အဓိပ္ပါယ်တွေ
ပါဝင်တယ်။ “Put the bulb in” (အဖူးတွေကို အထဲထည့်) ဆိုတဲ့ စကားစုလေးကို ကြည့်ပါ။ သူ့ချည်းသက်သက် ဘယ်လို
အဓိပ္ပါယ်ဖွင့်မလဲ။ ဘာအဖူး (bulb) လဲ၊ ဘယ်မှာလဲ (where)။ ဒါဟာ ပြည့်ဝစာသား context မဟုတ်ဘူး။ စာသားပဲ။ Text ပဲ။

ဒီစာကြောင်းကရော။
“The flowerbed is ready for planting. I’ve dug the whole for the tulips. Put the bulb in.”
(ပန်းခင်းဟာ ပန်းစိုက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျုလစ်ပန်းများအတကွ် ကျွန်တော်တွင်းတူးထားပြီးပြီ။ အဖူးကို အထဲကို
ထည့်လိုက်ပါ။) ဒီစာကြောင်းက အဓိပ္ပါယ် ပြည့်စုံစွာ ပါဝင်တဲ့ “context” ပါ။
ဒီတော့ text နဲ့ context ကွဲပြားသွားပေမယ့် ကျွန်တော်တို့မှာ နောက်ထပ်အခက်အခဲတစ်ခု ပေါ်လာပြန်တယ်။
အဲဒါကတော့ စာသား (text) နဲ့ အရေးအသား (writing) ကို ရှုပ်ထွေးသွားပါတယ်။ ဒါဟာ ရေးသူ (ဝါ) ကဗျာဆရာရဲ့
“အလုပ်” (work) လို့ “စာသား” (text) ကို ပြောနိုင်တာက ယေဘုယျပါ။ လေ့လာ/ ပိုင်းခြား/ ဝေဖန်/ သူတွေ လက်ထဲ
ရောက်သွားတ့အဲ ခါမှာ “အလုပ်” ဆိုတဲ့ အဓိပ္ပါယ်သတ်မှတ်ချက်ကို ငြင်းပါတယ်။

အရင်တုန်းက ဘာရေးရေးစာရွက်ပေါ်က အရာတွေဟာ ကဗျာဆရာ (ဝါ) ရေးသူအလုပ် (work) ပဲ
ခေါ်ကြပါတယ်။ ဒါမှမဟုတ် လှလှပပခေါ်ချင်တယ်ဆိုရင်တော့ “e’criture” လို့ခေါ်ပေါ့။ ထူးခြားတာတစ်ခုက
တစ်ချိန်တုန်းကတော့ ဝေဖန်သူတွေ ကိုယ်၌ဟာ “အလုပ်” ကို စာသား (text) အဖြစ် ရှေ့မှာ သတ်မှတ်ခဲ့တယ်။ သူတို့မှာ
အဓိပ္ပါယ်ရှိပါတယ်။ အလုပ် “work” လို့ ခေါ်ဆိုကြတဲ့ သူတွေဟာ ကဗျာဆရာက ရည်ရွယ်ချက်ရှိရှိနဲ့
နှုတ်ပြောကြားခံအလွှာတစ်ခုကို အသုံးပြုထားပြီး ကဗျာဆရာကလာတဲ့ သူ့ပြုလုပ်ပုံ ဒီဇိုင်းနဲ့ အဓိပ္ပါယ်ပါ လူသားဆန်တဲ့
ထုတ်ကုန် (ဝါ) ဖန်တီးမှုတစ်ခုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြင်သစ်ဖွဲ့ တည်ဝါဒီတွေ (French Structuralist) တွေနဲ့
ထိပ်တိုက်တိုးပြီး မူလအလုပ်(ဝါ) အရေးအသားကို အဓိပ္ပါယ်ပြန်သတ်မှတ်ခဲ့တယ်။ “Redefine” ပြန်လုပ်တယ်ဆိုပါစို့။
သူတို့က စာရွက်ပေါ်က စာသားတွေကို ရေးသူရဲ့ အလုပ်ဆိုတာကို ငြင်းပယ်ပါတယ်။ အဲဒီအချိန်မှာ သူတို့ဟာ
ပုဂ္ဂလခံစားမှုကို လျော့အောင်ပြုလုပ်တဲ့ “depersonalized” ကို မြဲမြဲဆုပ်ကိုင်ထားတဲ့အချိန်။ အခုပြောချင်တာက
ပြည့်ဝစာသား “context” ဖြစ်ပြီး အဝန်းအဝိုင်း ဖြန့်ကားထားတဲ့ (ဝါ) ပိုပြည့်ဝတဲ့ စာသားကို ဆိုလိုပါတယ်။
ဒီလိုရှင်းပြရတာလည်း ကျွန်တော့်အဖို့ ဆင်ခြေရှိပါတယ်။ ဖတ်သူတွေ အနေနဲ့ရော ကျောင်းသားတွေအတွက်ပါ
ဖော်ပြချင်တာကြောင့် ယခုကဗျာ ဆောင်းပါးမှာလည်း မျှော်လင့်ထားတာထက် ပိုပြီး ရှည်လျားပါတယ်။ ဒီကဗျာကို
ချဉ်းကပ်ဖို့ ကျွန်တော် ကဗျာလက်နက်ကိရိယာ (Poetic Device) များကို ပိုစုံစေချင်လို့ပါပဲ။ ဂျွန်ပက်(ခ်) (John Pack)
ကတော့ သူနဲ့မာတင်ကွိုင်(လ်) (Martin Coyle) နှစ်ယောက်ပေါင်းထုတ်တဲ့ “လက်တွေ့ဝေဖန်ရေး” (Practical
Criticism) မှာတော့ “နည်းစနစ်အသုံး” (Technical Terms) လို့ သုံးပါတယ်။ အတူတူပါပဲ။ ဒါတွေမသိဘဲ ဝေဖန်ရေး
လုပ်မရဘူးလားပေါ့။ သိပ်ရတာပေါ့ဗျာ။ ဒါပေမယ့် နည်းစနစ်စာလုံးတေကွို သုံးခြင်းအားဖြင့် ကဗျာဟာ ပိုကြွပြီး
ထင်သာမြင်သာ ဖြစ်လာမယ်လို့ဆိုတယ်။ “…..we not only define terms but also try to show this concept work
in poetry” (ဂျွန်ပက်ခ်၏ Practical Criticism မှ) ကျွန်တော်တို့ terms တွေကို အဓိပ္ပါယ်သတ်မှတ်တာချည်း မဟုတ်။
ကဗျာမှာ ဒီ ကွန်းဆက်(ပ်)တွေဟာ အလုပ်ဖြစ်ကြောင်းကိုလည်း ဖော်ပြဖို့ ကြိုးစားနေတာဖြစ်တယ်။ ဆရာ
ခရမ်းပြာထက်လူရဲ့ ကဗျာကို စကြပါစို့။

ဘတ်စ်ကားပေါ်မှာ

ဒါကို ကျွန်မသိတယ် (၁)
လိုအပ်လို့ (၂)
တစ်ယောက်အရိပ် တစ်ယောက် နင်းထားရ . . . .၊ (၃)
ဒါပေမယ့် (၄)
ကမၻာႀကီးက မၿငိမ္ဘူး (၅)
ဘတ္စ္ကားတစ္စီးက မၿငိမ္ဘူး . . . .၊ (၆)
ရှင်နည်းနည်းခွာရပ်ပေးပါ (၇)
အခွင့်အရေးများ (၈)
မတော်တဆများ (၉)
မတရားမှုများ (၁၀)
မၿငိမ္ဘူး (၁၁)
ရှင်နည်းနည်းခွာရပ်ပေးပါ (၁၂)
မျက်လုံးနဲ့ (၁၃)
ကျွန်မ (၁၄)
လူတစ်ယောက်ကို လည်လိမ်ချိုးမလို့ (၁၅)
စိတ်ကူးနဲ့ (၁၆)
ကျွန်မ (၁၇)
လူတစ်ယောက်ကို (၁၈)
ကားဘီးတွေအောက်ပစ်ထည့်မလို့ . . .၊ (၁၉)
ကျွန်မဟာ (၂၀)
ကျွန်မဝါယာတွေထဲ (၂၁)
ရှုပ်ထွေးစွာထိုးဝင်လို့ (၂၂)
ကျွန်မသွားနေတယ် (၂၃)
ဘယ်သူမဆို အသေးအမွှား (၂၄)
ကျွန်မဟာ ပြန်လာမယ့် ပြန်အမ်းမယ့် (၂၅)
၁၀ တန်တစ်ရွက် ပြန်စောင့်မယ့်သူ မဟုတ်ဘူး . . .၊ (၂၆)
အိမ်မှာ (၂၇)
ကျွန်မဟာ ပြတင်းပေါက်တစ်ပေါက် (၂၈)
ကျွန်မဟာ ၄ ပေ မီးချောင်းတစ်ချောင်းပဲ (၂၉)
ရှင့်ရာဂ ရှင့်ကြွက်သား ရှင့်အလကားတွေ (၃၀)
ကျွန်မစိတ်မဝင်စား (၃၁)
သတ္တိရှိရင် (၃၂)
တစ်လွှာချင်းချွတ်ကြည့် (၃၃)
အရိုးဟာ (၃၄)
မြည့်နေအောင်သွေးထားတဲ့ဓားလို (၃၅)
ခုန်တက်လာလိမ့်မယ် (၃၆)
သွေးဟာ (၃၇)
အက်စစ်လို ရေနံစိမ်းလို သဘာဝဓာတ်ငွေ့လို (၃၈)
အမှောင်မှာ (၃၉)
ကျွန်မကို မီးပုံရှို့ကြည့် (၄၀)
ကမ္ဘာကြီးထိန်လင်းသွားလိမ့်မယ် (၄၁)
ဒါကိုရှင် (၄၂)
ငရဲပြည်က ကောင်းကောင်းလှမ်းမြင်နိုင်လိမ့်မယ်။ ။ (၄၃)

(ခရမ်းပြာထက်လူ)
၂၀၀၈ ခုနှစ် ရွှေအမြုတေမဂ္ဂဇင်း

ဇော်ဇော်ထွန်း၏ ခရမ်းပြာအခင်းအကျင်း..မှ





Posted via Blogaway